ဒီအိုးမဲ့အိမ်မဲ့ကောင်လေး တစ်ယောက် သက်သေပြသွားသလိုဆိုရင် အများသုံး စန္ဒရားတွေဆိုတာ ရိုးရိုးအပျော်သဘောအဖြစ်သာ တီးခတ်ဖို့ ထားပေးတာ မဟုတ်ပါဘူး။
နယူးကာဆယ်လ် ရထားဘူတာကြီးရှိ စန္ဒရားတစ်လုံးကို တီးခတ်ရင်း အသက် ၂၆ နှစ်အရွယ် Alan Donaldson ဆိုသူဟာ Beethoven ရဲ့ Fur Elise သီချင်းနဲ့ တစ်ဆက်တည်း Moonlight Sonata နဲ့ အခြားဂန္ဓာဝင်တေးဂီတွေ တီးခတ်ကာ အလုပ်ဆင်းသူတွေကို စိတ်ဝင်စားသဘောကျအောင်လုပ်ခဲ့ပါတယ်။
လမ်းဘေးမှာ ၁၈ လ ကြာနေထိုင်ခဲ့ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ လက်တန်း၊ကျပန်းဖျော်ဖြေတင်ဆက်မှု YouTube ဗွီဒီယိုတစ်ခု အင်တာနက်မှာ နာမည်ကြီးနေတာ မစ္စတာ Donaldson တွေ့ရှိခဲ့ပါတယ်။
တစ်နှစ်ခွဲခန့် လမ်းတွေပေါ်ဖြစ်သလိုနေထိုင်ခဲ့တယ်။ သူ့ဘဝက ခက်ထန်ပါတယ်။
လူတွေ ကျွန်တော့်ကို သူတောင်းစားလို့ စွပ်စွဲပြောဆိုကြပေမယ့် စန္ဒရားရှေ့ရောက်တဲ့အချိန် ဘယ်သူမှ ကျွန်တော့်ကို အနှောက်အယှက် မပေးတတ်ကြဘူး။ ကျွန်တော့်အတွက် တီးစရာဆိုလို့ စန္ဒရားပဲရှိတာပါလို့ မစ္စတာ Donaldson က ထပ်မံပြောဆိုခဲ့ပါတယ်။
သူဟာ အသက် ၁၀ နှစ်မှ ၁၄ နှစ်အထိ ကျောင်းတက်တုန်းက စန္ဒယားတီး သင်ခဲ့လို့ သိရပါတယ်။ ဘယ်တော့မှ ပျောက်မသွားခဲ့ဘူး။ လူတွေဆီက တုံ့ပြန်မှု အရမ်းကောင်းမွန်ပြီး လူတွေက သူ ဒီလိုကောင်းမွန်စွာ တီးခတ်နိုင်တာ သူတို့ အံ့သြကြောင်း ပြောဆိုနေကြပါတယ်။
Ref: Metro
Source:trend.com.mm
Source:trend.com.mm
0 comments:
Post a Comment