ကျွန်မဟာ နိုင်ငံရေးသမား တစ်ယောက် မဟုတ်ပါဘူးဆိုတဲ့ ဒါရိုက်တာ ကြည်ဖြူ သျှင်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ (ဗဟို) ကော်မတီဝင်(ဗဟို) ပြန်ကြားရေးအဖွဲ့ဝင်အဖြစ်တာဝန်ယူထားတဲ့ဒါရိုက်တာ ကြည်ဖြူသျှင်က သူ့ရဲ့ Personal ဆန္ဒအရဆိုရင်တော့ ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင်ရောက်အရွေးခံမှာမဟုတ်ဘဲအဖွဲ့ချုပ်က အရွေးခံဖို့ တိုက်တွန်းလာရင်လည်းတတ်နိုင်သမျှတော့ ငြင်းဆိုဖို့ စိတ်ကူးထားကြောင်းပြောလာပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင်က မေ၊ ဇွန်၊ ဇူလိုင် (၃) လကို ဇာတ်ကားရိုက်ကူးမှုနားထားမှာဖြစ်ပြီး သြဂုတ် ၁ ရက်နေ့မှ စတင်ရိုက်ကူးမှာဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားရိုက်ကူးမှုတွေနားထားတဲ့ကာလအတွင်းမှာတော့ နိုင်ငံရေးပိုင်း နဲ့ပတ်သက်ပြီးလုပ်ဆောင်စရာတွေရှိနေလို့ပဲဖြစ်ကြောင်းလည်း သိရပါတယ်။ နိုင်ငံရေးလောကထဲကို ဝင်ရောက် ဖြစ်ခဲ့တာ ၃နှစ်ထဲဝင်ရောက်လာပြီဖြစ်တဲ့ ဒါရိုက်တာကြည်ဖြူသျှင်က သူ့အနေနဲ့နိုင်ငံရေးသမား တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်ထားဘဲ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူတစ်ယောက်အဖြစ် ဝင်ရောက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒါရိုက်တာကြည်ဖြူသျှင်က ပြောပါတယ်။
” ကျွန်မ အမြဲတမ်းပြောပါတယ်။ ကျွန်မဟာ နိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါဘူး။ နိုင်ငံရေး သမားဆိုတာ Policy Maker တစ်ယောက်လို့ ကျွန်မမြင်တယ်။ ကျွန်မသည် Policy Maker တစ်ယောက် မဟုတ်ဘူး။ Policy တွေလည်း ကျွန်မနားမလည်ဘူး။ ဒါပေမဲ့ ကျွန်မနားလည်တာက အခုလက်ရှိ ရှိနေတဲ့အပြောင်းအလဲအရွေ့အတွက်ကို ပြည်သူတွေသိဖို့အတွက် ကျွန်မတို့ဘယ် လောက်ထိကူညီပေးနိုင်မလဲ။ ပထမအဆင့်အနေနဲ့ ကျွန်မတို့ကိုယ်တိုင်လည်း သိအောင် ကြိုးစားရမယ်။ နောက်တစ်ခုက ဒီနိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်သိသလောက်ကို ဖြန့်ဝေပေးသင့်တယ်လို့ ထင်တယ်။ ကျွန်မကတော့ လွှတ်တော်ကိုတအားစိတ်ဝင်စားတယ်။ လွှတ်တော်ဟာ ကျွန်မတို့ ပြည်သူတွေကနေ တိုက်ရိုက်ရွေးချယ်လိုက်တဲ့ လွှတ်တော်အမတ်တွေရဲ့ နေရာလေ။ ဒီလွှတ်တော်ကို ပြည်သူတွေကလည်းသူတို့ရဲ့ဒုက္ခတွေကိုဘယ်လိုမျိုးတင်ပြမလဲ၊ပြည်သူနဲ့လွှတ်တော်ပတ်သက်တဲ့အကြောင်း အရာတွေကို ကျွန်မစိတ်ဝင်စားတယ်။ ဒါကြောင့် PARLIAMENTARY SUPPORT GROUP (MYANMAR) ကိုဖွဲ့ထားတယ်” လို့ ဒါရိုက်တာကြည်ဖြူသျှင်ကပြောပါတယ်။ PARLIAMENTARY SUPPORT GROUP (MYANMAR) အနေနဲ့ လက်ရှိလွှတ်တော်၊ နောင်လာမယ့် လွှတ်တော်ရဲ့အကြောင်းကို သုံးသပ်တာတွေလုပ်ဆောင်မှာဖြစ်ပြီး ဒီအဖွဲ့ဟာ ပြည်သူနဲ့လွှတ်တော်ကြား Joint လုပ်ပေးတဲ့အဖွဲ့ ပဲဖြစ်ကြောင်းဒါရိုက်တာ ကြည်ဖြူသျှင်ကအဖွဲ့နဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။
လင်းအက္ခရာ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment