ပန်းချီဆရာတွေကို လေးစားအားကျတဲ့ ပိုင်ဖြိုးသု


ပန်းချီကားတွေကို မဆွဲတတ်ပေမယ့် ပန်းချီအနုပညာကို နှစ်သက်သဘောကျပြီး ခံစားချက်တွေ ပေးစွမ်းနိုင်တဲ့ ပန်းချီကားလေးတွေကို အိမ်မှာချိတ်ထားရတာ နှစ်သက်တယ်လို့ ပိုင်ဖြိုးသုက ပြောပါတယ်။ ပန်းချီဆွဲခြင်းကို ဝါသနာသိပ်ပါပေမယ့် မဆွဲဖြစ်သေးဘဲ ပန်းချီဆရာတွေကိုလည်း လေးစားအားကျမိတယ်လို့ ပြောလာတဲ့ ပိုင်ဖြိုးသုက ” ပန်းချီဆွဲတာက စိတ် တည်ငြိမ်တယ်ဆိုတော့ ပန်းချီဆွဲတဲ့ဆရာတွေကို တအားလေးစားတယ်။ အားလည်းကျတယ်။ ကိုယ်မလုပ်နိုင်တဲ့ အလုပ်ကို သူတို့လုပ်နိုင်တဲ့အတွက် တကယ်လည်း ချီးကျူးမိတယ်။ ပြပွဲတွေဆိုရင်လည်း သွားကြည့်ဖြစ်တယ်။ ကိုယ်နားလည်လွယ်တဲ့ ပုံတူဆွဲထားတဲ့ ပန်းချီလေးတွေကို တအားနှစ်သက်တယ်။ ကိုယ်တိုင်လည်း သူငယ်ချင်းတွေနဲ့ ပုံတူ ဆွဲခဲ့ဖူးတယ်။ အလှပုံလည်း ပုံတူအဆွဲခံဖူးတယ်။ ဘွားဘွားကလည်း ပန်းချီဆွဲတတ်တော့ အိမ်မှာပန်းချီကားတွေလည်း ရှိတယ်။ ပန်းချီကားတွေ ကြည့်ရတာလည်း တအား ကြိုက်တယ်။ တချို့ပန်းချီကား တွေဆိုရင် တအားအသက်ဝင်တယ်။ တကယ်အစစ်လို့ ထင်ရတယ်။ ပင်ပန်းနေတဲ့အချိန်မှာ ရေတံခွန်ပုံလေးတွေ၊ ရှုခင်းပုံလေးတွေမြင်လိုက်ရရင် ကိုယ်က ပန်းချီကားထဲ တကယ်ရောက်သွားသလို ခံစားရတယ်။ ဘွားဘွားဆီမှာဆိုရင် မြင်းဖြူပျံနေတဲ့ ပုံလေးဆွဲထား တာရှိ တယ်။ သိပ်ကြိုက်လို့ ဘွားဘွားဆီက တောင်းယူထားတယ်။ ပန်းချီကို တအားနှစ်သက်တယ်။ ဝါသနာပါပေမယ့် မဆွဲ တတ်ဘူး။ ပန်းချီဆွဲတတ်တဲ့သူတွေကို အားကျပါတယ်” လို့ ပြောပါတယ်။
လွင်လွင်ထွန်း၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment