ပန်းချီရေးဆွဲခြင်းက စိတ်ရဲ့တည်ငြိမ်မှုကို ရရှိစေတယ်ဆိုတဲ့ နေတိုး


ပန်းချီကို ကလေးဘဝကတည်းက ဝါသနာပါခဲ့ပြီး နွေရာသီကျောင်း ပိတ်ရက်တွေမှာလည်း ပန်းချီသင်တန်းတွေ တက်ခဲ့ပြီးပြိုင်ပွဲတွေရှိရင်လည်း ဝင်ရောက်ယှဉ် ပြိုင်ခဲ့တဲ့သူကတော့ နေတိုးပဲဖြစ်ပါတယ်။ ” ပန်းချီကို ဝါသနာပါတာကို ကိုယ့်ကိုယ်ကိုယ် သိလာတာကတော့ ကျောင်းပေါင်းစုံပန်းချီပြိုင်ပွဲတွေကို မူလတန်းတုန်းက လုပ်ကြတယ်။ ပန်းချီဝါသနာပါတဲ့လူတွေကို ရွေးတော့ ကျွန်တော်ကဝင်ပြီး ပြိုင်ပွဲအတွက် အရွေးခံရတယ်။ တစ်နိုင်ငံလုံး ကျောင်းပေါင်းစုံပြိုင်ကြတယ်။ ကမ္ဘာ့စားနပ်ရိက္ခာနေ့တို့ ဘာတို့ဆိုရင် ဂျပန်ကနေပြီး ဦးစီးပြီးလုပ်တဲ့ ပြိုင်ပွဲလေးတွေရှိ တယ်။ အဲဒီလို ပြိုင်ပွဲလေးတွေမှာ ကျွန်တော်က ဝင်ပြိုင်ခဲ့တယ်။ ပန်းချီကို လေးငါးတန်းလောက်ကစပြီး စရေးတယ်။ နွေရာသီကျောင်းပိတ်ရက်တွေမှာ ပန်းချီသင်တန်း တွေတက်ဖြစ်တယ်။ Out Door တွေ ထွက်ရေးတယ်။ ခဲတံနဲ့ပဲ အရင်ဆွဲဖြစ်တယ်။ ပြီးမှရေဆေးကိုထပ်တက်ပြီးတော့ရေးဖြစ်တယ်။ အခုနောက်ပိုင်းတော့ တစ်ခါတလေ ပန်းချီရေးဖြစ်တယ်။ ငယ်ငယ်တုန်းက ဆွဲခဲ့တဲ့ပန်းချီကားတွေပဲ ရှိနေတယ်။ နောက်ပိုင်းတော့အလုပ်တွေ မအားလို့ သိပ်ပြီးတော့မဆွဲဖြစ်တော့ဘူး။ ပန်းချီကိုတော့ ဝါသနာ တအားပါခဲ့ပါတယ်။ ပန်းချီ ရေးဆွဲခြင်းက စိတ်ရဲ့အာရုံစူးစိုက်မှုကို ပိုပြီး ကောင်းစေတယ်။ ကိုယ်ဝါသနာပါတဲ့ ပန်းချီကို ရေးဆွဲရတဲ့အတွက်လည်း စိတ်ကျေနပ်မှုကိုရစေတယ်” လို့ ပန်းချီနဲ့ ပတ်သက်ပြီး နေတိုးက ပြောပါတယ်။
” ပန်းချီရေးရတဲ့ စိတ်ခံစားချက်က ငယ်ငယ်တုန်းကဆိုရင် အားနေတော့ ပန်းချီရေးတာများတယ်။ အခုကအလုပ်က တောက်လျှောက်ကို လုပ်ရတော့ ပန်းချီရေးဖို့အတွက်ကို ကိုယ့်စိတ်က ပန်းချီကိုဝါသနာပါနေပေမယ့်လည်းရေးဖို့ အတွက်အချိန်မပေးနိုင်ဘူးဖြစ်နေတယ်။ ပန်းချီရေးချင်တဲ့စိတ်တွေက ရှုတင်မှာ Special မိတ်ကပ်လုပ်တာတို့ကလည်း ပန်းချီပညာနဲ့ ရာခိုင် နှုန်းတော်တော်များများ ဆက်နွှယ်နေတော့ ဒါကိုလည်း ကိုယ့်ရဲ့ မသိစိတ်ကနေ လုပ်ဖြစ်နေတယ်။ ဒါကလည်းပန်းချီရေးချင်တဲ့စိတ်ကူး၊ကိုယ့်ရဲ့ စိတ်ထဲမှာပြေပျောက်စေတယ်။ ကိုယ်ဝါသနာပါတဲ့အ လုပ်တစ်ခုလုပ်လိုက်ရတဲ့အတွက် စိတ်ကျေ နပ်မှုမျိုးတော့ရတယ်။ အဓိကကတော့ ပန်းချီ ရေးတဲ့အချိန်မျိုးမှာ ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်မှုက ပန်းချီကားထဲမှာပဲရှိတယ်။ စိတ်ကို လည်းတည်ငြိမ်စေတယ်။ ပန်းချီရေးနေတဲ့သူတစ်ယောက်ရဲ့ စိတ်က ကျယ်ပြန့်တယ်။ အပြင်ကို ကျယ်ပြန့်တာမျိုးမဟုတ်ဘဲနဲ့ ပန်းချီကားထဲမှာပဲ ရှိတယ်။ ပန်းချီဆွဲခြင်း ကစိတ်ကိုလည်းတည်ငြိမ်စေတယ်လို့ ထင်တယ်။ ပန်းချီဆွဲရတာကို နှစ်သက်ပါတယ်” လို့ နေတိုးကပြောပါတယ်။
လွင်လွင်ထွန်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment