
မိုးဟေကိုက ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ၁၉၁ မီးသတ် ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ဖြစ်ပြီး ဒါရိုက်တာ ဝိုင်း ရိုက်ကူးမယ့် ဇာတ် လမ်း တွဲဖြစ်တာ ကြောင့် လက်ခံ ရိုက် ကူးခြင်းဖြစ်ကြောင်း ပြောပါတယ်။ အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေကို အချိန် အားရင် အားသလို ကြည့်ဖြစ်ပြီး အခုရိုက်မယ့် မီးသတ် ဇာတ်လမ်းတွဲမှာလည်း အ ကောင်းဆုံးဖြစ်အောင် သရုပ်ဆောင် သွားမှာဖြစ်ကြောင်း ပြောပါတယ်။ မိုးဟေကို ကလွန်ခဲ့တဲ့ ၇ နှစ်က အောင် မြင်ခဲ့တဲ့ သူငယ်ချင်း ယောက္ခမ ရုပ်ရှင် ဇာတ်ကား အဆက် အနေနဲ့ သူငယ်ချင်း ယောက္ခမ ၂ ရုပ်ရှင် ဇာတ်ကားကို လွင်မိုး၊ ကျော်ရဲ အောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည် တို့နဲ့ သရုပ်ဆောင် ခဲ့ပြီး အခုရိုက်ခဲ့တဲ့ “သူငယ် ချင်းယောက္ခမ၂” ကို ပရိသတ်တွေ ပိုကြိုက်နိုင်မယ်ထင် ကြောင်း ပြောပါတယ်။ “ရိုက်ကတည်းက ကိုယ်ကိုယ် တိုင်ပျော်ရွှင်နေ ရလို့ ကြည့်တဲ့ ပရိသတ် လည်း ပျော် ရွှင်နိုင်မယ် လို့ ထင် ပါတယ်။ “သူငယ်ချင်းယောက္ခမ ၂” ကို ပို ကြိုက်မယ်ထင်ပါတယ်။ ကိုနိုင်ကြီးတို့၊ ကိုလွင်မိုး တို့ သရုပ်ဆောင်တာတွေ ကြည့်ပြီး သဘော ကျတယ်။ အခုလို သူတို့တွေနဲ့ သရုပ်ဆောင် ရတဲ့အတွက် လည်း ပျော်ရွှင်ပါတယ်။ သူတို့ သရုပ် ဆောင်တာ ကြည့်ပြီး ကိုယ်က သူတို့ရဲ့ ပရိသတ်လို ခံစားနေ ရပါတယ်” လို့ ပြော ပါ တယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း
Source:popularmyanmar.com
ဓာတ်ပုံ-အောင်ဇော်မင်း
Source:popularmyanmar.com
0 comments:
Post a Comment