ကန်လေဆိပ်လုံခြုံရေးကျိုးပေါက်မှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဗုံးလှန်းခြိမ်းခြောက်မှုများ အဆက်မပြတ်ထွက်ပေါ်နေ


ဝါရှင်တန် ဇွန် ၃

ငြိမ်းချမ်းသာယာရေး ပျက်ပြား စေမည့် လုံခြုံရေး ကျိုးပေါက်မှု သို့မဟုတ် ဗုံးဖောက်ခွဲမည့် ခြိမ်း ခြောက်မှုငါးခု အမေရိကန်နိုင်ငံ၏အစည်ကားဆုံး လေဆိပ်များတွင် အင်္ဂါနေ့က ဖြစ်ပွားမည်ဟူသော သတင်းကြောင့် အမေရိကန်ပြည်တွင်း လုံခြုံရေးဌာနက စုံစမ်းရှာဖွေဖော် ထုတ်မှုပြုလုပ်ခဲ့သည်။

ခြိမ်းခြောက်ခံ လေကြောင်းလိုင်း ငါးခုအနက် လေးခုဖြစ်သည့် အမေ ရိကန်လေကြောင်းလိုင်း၊ ဒယ်လ်တာ လေကြောင်းလိုင်း၊ ယူနိုက်တက် လေကြောင်းလိုင်းနှင့် မက်ဆီကန် လေကြောင်းလိုင်းတို့က လေယာဉ် ပျံသန်းမှုခရီးစဉ်များကို ရပ်နားထား သည်။ ငါးခုမြောက် လေကြောင်းလိုင်း ဖြစ်သည့် ကိုရီးယားလေကြောင်းလိုင်း သည် ဆန်ဖရန်စစ္စကို၌ အင်္ဂါနေ့တွင် ဆင်းရန် စီစဉ်ထားပြီး ဖြစ်ကြောင်း အမေရိကန် တီဗွီအစီအစဉ်တစ်ခု ဖြစ်သည့် အင်န်ဘီစီက ဖော်ပြ သည်။

ခြိမ်းခြောက်မှုများသည် အမှန် တကယ်ဖြစ်နိုင်သည်ဟု မယူဆ နိုင်ကြောင်း အစိုးရသတင်းရင်းမြစ် များ၌ ဖော်ပြသည်။ အင်္ဂါနေ့ အစောပိုင်းက ခရီးသည် ၈၈ ဦး တင်ဆောင်လာပြီး လေယာဉ်အမှု ထမ်း ငါးဦးပါသော အမေရိကန် လေကြောင်းခရီးသည် အမှတ် ၆၄၈ သည် လုံခြုံရေး ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် ဖီလာဒယ်ဖီးယား အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆင်းသက်ပြီး ရှာဖွေမှုများ ပြုလုပ် ခဲ့ရသည်။ လူစည်ကားရာ လေဆိပ် များတွင် လုံခြုံရေးကျိုးပေါက်မှုများ ဖြစ်ပွား ပြီးနောက် အဆိုပါ ဗုံးလန့် မှုများ အဆက်မပြတ်ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက ပြုလုပ်ခဲ့သော အမေရိကန်ပြည်တွင်း လုံခြုံရေးဌာန ၏ ပြည်တွင်းစုံစမ်းစစ်ဆေးမှုများ အရ လေဆိပ်ရှိ လုံခြုံရေးဆိုင်ရာ စစ်ဆေးချက်များ အားနည်းကြောင်း သိရသည်။

ထိုသို့ဖြစ်ပွားခြင်းသည် ပထမ ဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့သော ၂ဝ၁၃ ခုနှစ်ကလည်း ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment