၂၀၁၅ ထဲမှာ ကားကြီး ၆ ကားလောက် ရိုက်က်ဖို့ရှိတယ်လို့ ဆိုတဲ့ ပြေတီဦးက စီးပွားရေးအရ ရိုက်တဲ့ ဇာတ်လမ်းတွဲတွေတော့ မရိုက်ပါဘူးတဲ့


ရုပ်ရှင်ကားကြီး အနေနဲ့ ၂၀၁၅ ထဲမှာ ၆ ကားလောက် ရိုက်ဖို့ရှိတဲ့အပြင် ထိုင်းနဲ့ဖက်စပ် ရိုက်ဖို့ ဇာတ်ကားတွေလဲ ရှိသေးတာကြောင့် အစစအရာရာမှာ ညှိနှိုင်းတိုင်ပင်ကာ ဇာတ်လမ်းလေးတွေ ပြင်ဆင်နေတဲ့ ပြေတီဦးကို မေးမြန်ဖြစ်ခဲ့ပုံက
"အခုရိုက်နေတဲ့ ကားလေးက အရွယ်သုံးပါးချစ်တတ်သည်တဲ့။ ဆိုလိုချင်တာကတော့ ပုထုဇဉ် လူသားတွေက ဘယ်အသက်အရွယ်မှာပဲ ရှိနေရှိနေ ဘယ်အပိုင်းအခြားမှာပဲ ရှိနေရှိနေ ချစ်တတ်တဲ့ အသည်းနှလုံးကတော့ လူတိုင်းမှာ ရှိကြတယ်ပေါ့။ အဲ့ဒါကြောင့် အရွယ်သုံးပါးစလုံး ချစ်တတ်သည်ဆိုပြီး ရိုက်ပြထားတာပါ။ အဓိကက ဒီထဲမှာ ၀ါရင့်သမ္ဘာရင့် အရမ်းတော်တဲ့ အနုပညာရှင်ကြီးတွေ ပါကြတယ်။ အားလုံးပေါင်း မင်းသား မင်းသမီး ၉ယောက်ပါတယ်။ ဒီကားက အစ်ကိုတစ်ယောက်တည်းနဲ့တင် မဟုတ်ပဲ ၀ါရင့်တဲ့ အနုပညာရှင်ကြီးတွေ အားလုံးရဲ့ အရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်ကွက်တွေကို တစ်ကားလုံးမှာ မျှတပြီး ကြည့်ကြရမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေကြည့်လို့အရမ်းကောင်းမယ်။ ဟာသကားဖြစ်တဲ့ အတွက်ကြောင့် ရယ်လဲရယ်ရမယ်။ ဒရာမာနဲ့ရိုမန့် တစ်လေးလဲပါတော့ ကြည်နူးမှုလေးလဲ ရမယ်။ ကားကောင်း တစ်ကားဖြစ်မှာပါ။ ဒီကားကြီးပြီးရင် မီးသတ်က ရိုက်မဲ့ ဇာတ်လမ်းတွဲ တစ်ခုရိုက်ရမယ်။ အဲ့ဒါပြီးရင်အူဝဲက ဇွန်နောက်ဆုံးပတ်လောက်မှာ ကလေးမွေးမယ်ဆိုတော့ အစ်ကို ခဏနားထားမယ်။ ပြီးရင် ကားကြီးတစ်ကားရိုက်မယ်။ နောက်ပိုင်းဗီဒီယိုလေးတွေထပ်ရိုက်မယ်။ ဇာတ်လမ်းတွဲ ထဲမှာ မီးသတ်သမား တစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်မှာပါ။" လို့ သူက ပြောပြသွားပါတယ်၊
 စီးပွားရေးအရ ရိုက်တဲ့ ဇာတ်လမ်းတွဲတွေမှာ ပြေတီဦးကို မတွေ့ရတာကြောင့် မေးက်ြည့လိုက်တော့ "အစ်ကို အဲ့ဒီလို ဇာတ်လမ်းတွဲတွေ သိပ်မရိုက်ဖြစ်ပါဘူး။ ရိုက်ဖို့အစီအစဉ်လဲ မရှိဘူး။ အခုဟာ ကနိုင်ငံတော် ကားတွေဖြစ်နေလို့အကူအညီတောင်းတာဖြစ်နေလို့မကူညီပေးရင်လဲ သိပ်ပြီး အဆင်မပြေလို့ကူညီပြီး ရိုက်ပေးတဲ့သဘောပါ။ အပြင်ဇာတ်လမ်းတွဲတွေ ဆိုရင်တော့ လက်မခံပါဘူး။ နောက်ထိုင်းနဲ့လဲ ဖက်ဆက်ရိုက်ဖို့အတွက် ဇာတ်ကားတွေ စီစဉ်နေတာ ရှိတယ်။ ကြီးကြီးမားမားလေးတွေ စီစဉ်ရမှာဖြစ်တဲ့အတွက် အစိတ်အပိုင်းက တစ်အားများမယ်ဆိုတော့ ညှိရနှိုင်းရတာလေးတွေ တအားများမယ်။ အဆင်ပြေအောင် ညှိနှိုင်းပြီးတော့ ဇာတ်လမ်း ပိုင်းလေးတွေလဲ ပြင်ဆင်နေတယ်။ အစ်ကို ထင်တယ်။ ၂၀၁၆ မကုန်ခင်လောက်မှာ တစ်ကားလောက်တော့ ရိုက်ဖြစ်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တို့ဆီမှာလို ဇာတ်လမ်းတစ်ခုကောက်ရေးပြီးတော့ ရိုက်လို့ မရဘူး။ ဇာတ်ညွှန်းပါပေးရမယ်။ ဒီအပေါ်မှာမှ Story book တွေနဲ့ဒါရိုက်တာတွေရော၊သရုပ်ဆောင်တွေရော ညှိနှိုင်းတိုင်ပင်တာမျိုးတွေပြည့်စုံပြီဆိုမှ သူကသွားတာမျိုးဆိုတော့ အစ်ကိုတို့ အဆင့်တွေတော့ တော်တော်လေး ဖြတ်သန်းရဦးမယ်။ ဒီနှစ်ထဲမှာ ကားကြီးအနေနဲ့ ၆ ကားလောက်ရိုက်ဖြစ်မယ်။ ဒီနှစ်က အရမ်းများတယ်လို့ပြောလို့ရတယ်။ အရင်နှစ်တွေက ဆို ၃ ကားအများဆုံး ပဲရိုက်ဖြစ်ပါတယ်"တဲ့။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment