ကိုယ့်ပတ်ဝန်းကျင် အနီးအနားကသူတွေ အတွက် အကောင်းဆုံး အကျိုးပြုချင်တဲ့ လင်းလင်းနဲ့ ချစ်သုဝေ


နှစ်ဖက်မိဘများကို အမှူးထားပြီး လင်းလင်းနဲ့ ချစ်သုဝေတို့ ဆောက်လုပ်လှူ ဒါန်းထားတဲ့ ဒေးဒရဲမြို့၊ ကျီးပင်စုကျေးရွာမှ St. Ann Church ကျောင်းရေစက်ချ အလှူ ပွဲလေးကို မေလ ၂၆ရက်နေ့က သွားရောက်ပြုလုပ်ခဲ့ပါတယ်။ ဒီကျောင်းကိုတော့ ဇန်နဝါရီ လ၂၈ ရက်နေ့မှာကျရောက်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ တစ်နှစ်ပြည့် မင်္ဂ လာနှစ်ပတ်လည်အလှူအဖြစ် ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး မေလ၂၃ရက်နေ့မှာတော့ အားလုံးပြီးစီးသွားခဲ့တာကြောင့် Church ကျောင်းဖွင့်ပွဲနဲ့ ရေစက်ချ အလှူကို မေလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကျောင်းအလှူ နဲ့ပတ်သက်ပြီး ချစ်သုဝေက..
” အဓိက ဒေးဒရဲနဲ့ ဖျာပုံကြားကို သွားရတယ်။ အဲဒီကနေမှ စက်လှေနဲ့ မိနစ် ၂ဝ စီးရတယ်။ အဲဒီကနေမှ ကျီးပင်စုကျေးရွာကို ရေလမ်းနဲ့သွားရတာပေါ့။ ကမ်းနားမှာဆောက် ထားတဲ့ ရွာလေး ပေါ့။ အရင်တုန်းက အဲဒီမှာ ဓနိမိုးလေးနဲ့ဘုရားကျောင်းလေးရှိတယ်။ နာဂစ်ကတည်းကပျက်သွားတော့ ဘာသာတူတွေလည်း ဘုရားမရှိခိုးနိုင် ကြ တော့ ဘူး။ အဲဒီရွာမှာက ဗုဒ္ဓဘာသာ ရော၊ ခရစ်ယာန်ရော ရှိတယ်။ အိမ်ခြေ တစ်ဝက်ကျော်လောက်က ခရစ်ယာန် ဘာသာဝင်တွေဖြစ်နေတယ်။ရွာက သာရေး နာရေးအကုန်လုံးကို ဘုန်းကြီးကျောင်းမှာ လုပ်သလို ဘုရားကျောင်းမှာလုပ်ကြ တယ်။ ဘုရားကျောင်းက စာသင်တာကအစ အကုန်လုံး လိုအပ်နေတဲ့ နေရာလေး။ အဲဒါလေးကို အလှူ လာကောက်တဲ့အချိန် ထရီဇာတို့ Anniversary ကလည်း နီးနေတော့ အစ်ကိုက ထရီဇာဘာလုပ်ချင်လဲ၊ လက်ဆောင်ပေးမယ်ဆိုတော့ ထရီဇာ တို့နှစ်ယောက်လုံးက အလှူ တစ်ခုပဲလုပ်ချင်တယ်။ တိုက်တိုက် ဆိုင်ဆိုင် Church ကျောင်းကို အလှူလာခံတော့ ဘုရားကျောင်းဆောက်မယ့်ငွေပမာဏကို တတ်နိုင်၊ မ တတ်နိုင်စဉ်းစားပြီး ကျောင်းတစ်ကျောင်း လုံးကိုလှူမယ်ဆို တဲ့စိတ်နဲ့ ဆောက်လိုက်တာပါ။ ၃ လကျော် လောက် ဆောက် တယ်။ ဆော က်ပြီးတော့ ကျောင်းရေ စက်ချပွဲလေးလုပ်ဖြစ်တာပါ”  လို့ ပြောပါတယ်။ အခုလို လှူဒါန်းရတဲ့အတွက် ပီတိဖြစ်သလို ကိုယ့်ပတ် ဝန်းကျင်အနီးအနားက လူတွေအတွက် အ ကျိုးပြုချင်တယ် ဆိုတဲ့ ချစ်သုဝေက..
” ထရီဇာတို့လင်မယားပေါင်း ပြီးတော့လိုချင်တဲ့ဘဝလေးကလည်း အေးအေးချမ်းချမ်းလေးနဲ့ ထရီဇာတို့ရတဲ့ အနုပညာငွေကြေး လေးနဲ့ အနီးအနားမှာရှိတဲ့ သူတွေ ကိုလည်း အကောင်းဆုံးအကျိုးပြုချင်တယ်။ အခုဆိုရင် သာသနာအကျိုးပြုတဲ့ သဘောပေါ့။ တကယ်လို အပ်တဲ့ နေရာပေါ့။ အစ်ကို့ဗုဒ္ဓဘာသာမှာဆို လည်း ဆုေ တာင်းပြည့်ဘုရားမှာ ဘုရားစောင်း တန်းတွေလှူခဲ့တယ်။ ကိုယ့်ဘာသာ၊ သူ့ဘာသာ မခွဲခြားဘဲသာသနာရဲ့ ကောင်းနိုးရာရာတွေကို အကျိုးပြုနိုင်တယ်။ တစ်ေ ယာက်နဲ့ တစ်ယောက် ပါရမီဖြည့်နိုင်တဲ့အတွက် ပျော်လည်းပျော်တယ်။ ပီတိ လည်းဖြစ်ပါတယ်။ ဘုန်းဘုန်း တရားဟောတော့လည်း တအားဝမ်းသာလို့ မျက် ရည်တောင် လည်မိ တယ်။ ထရီဇာတို့ဝမ်းသာသလို နှစ်ဖက်မိဘတွေလည်း ဝမ်းသာရတော့ ပျော်ပါတယ်။ ဒီအလှူကလည်း ထရီဇာတို့ ရဲ့သန့်စင်တဲ့အနုပညာငွေကြေးနဲ့ လှူတာဖြစ် တဲ့အ တွက် ပရိသတ်ရဲ့ အလှူပါပဲ”  လို့ ပြောပါတယ်။
ခိုင်ဝေလွင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment