
ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ “အရွယ်သုံးပါးချစ်တတ်သည်” ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းရှိတဲ့ သာကေတ၊ မြခွာညိုရှုတင်အိမ်ကို မေလ ၂၆ရက်နေ့က သွားရောက်သတင်း ယူဖြစ်ခဲ့ပါတယ်။ ရိုက်ကွင်းအိမ်ရောက်တဲ့ အချိန်မှာတော့ မို့မို့မြင့် အောင်က အိပ်ရာပေါ်မှာလဲနေပြီး ဆရာဝန်တွေနဲ့ ဆေးကုသမှု ခံယူနေရ တာ ကို တွေ့ရပါတယ်။ ပထမတော့ ဇာတ်ဝင်ခန်းလားလို့ ထင်လိုက်ပေမယ့် နောက်မှမို့မို့မြင့်အောင် တကယ်နေမကောင်း ဖြစ်နေတာကြောင့် ဆရာဝန် ပင့်ပြီး ကုသမှုခံ ယူနေ တာဖြစ်ကြောင်း သိရပါတယ်။ ရှုတင်တစ်ခု လုံးက လူတွေကလည်း ဝိုင်းဝန်းဂရုစိုက် နေကြရပြီး အိမ်ကိုပြန်နားဖို့ ပြောပေမယ့် မို့မို့မြင့်အောင်က လက် မခံ တာကြောင့် ရှုတင်မှာပဲ အနားပေးထားရတာဖြစ်တယ်လို့ သိရ ပါတယ်။ အနားယူနေပြီးတစ်အောင့်အကြာမှာတော့ မို့မို့မြင့်အောင် နဲ့ ခဏတာစကားပြောဖြစ်ခဲ့ပါတယ်။
” မမို့မနက်က ပရိုမိုးရှင်းပွဲ တစ်ပွဲသွားခဲ့တယ်။ ဆံပင်နဲ့ပတ်သက်လို့ တစ်ခါမှ မပြောဖူးဘူး။ အချိန်တို လေးဆိုတော့ ကိုယ်လည်း ခွင့်တောင်းတာပေါ့။ ကားကြီးဆိုတော့ လူ အများကြီးနဲ့လေ။ ကိုယ့်ကြောင့် အနှောင့်အယှက်ဖြစ်မှာ သိပ်ကြောက် တယ်။ အဲဒါအရင်တုန်းကတည်းက မမို့ရဲ့စည်းကမ်းတွေပဲ။ ကိုမျိုး ကတော့ နားလည်မှုပေးပါတယ်။ ဒါပေမဲ့ ကိုယ့်ကြောင့် ရှုတင် break ဖြစ်မှာ တအားသတိထားရတယ်။ မမို့အဖေ လက်ထက်ကတည်းကပဲလေ။ မွေးနေ့လည်း ဘာမှမလုပ်ဖြစ်ပါဘူး။ မနေ့ကလည်း Day, Night ရိုက်တယ်။ ညဘက်လည်း မိုးနည်းနည်းချုပ်တယ်။ မနက်ကျတော့ စောစောပြန်ထရတယ်။ အိပ်ရေးနည်းနည်းပျက်သွားတယ်။ မနက် ဘက်ပွဲမှာတော့ အကောင်းသား။ အဲဒီကပြီးတော့ ရှုတင်ကို ကိုယ့်ကြောင့် နောက်ကျမှာစိုးလို့ မြန်မြန်ပြေးတာ။ မမို့တော့ ကျီးပေါင်းကြောင့် လို့ပဲ ထင်တယ်။ သတိထားရတော့မယ်။ အခုနဲ့ ဆိုရင် နှစ်ခါရှိသွားပြီ။ အိမ် မပြန်ချင်ဘူး။ ရိုက်လို့ ပြောနေတာ။ ရှုတင်ကမပြန်ချင်ဘူး။ သေလည်း ဒီမှာပဲသေချင်တယ်။ ရန်လေးဆိုလည်း ကိုယ့်မောင်လေးလိုပဲ တအား ချစ်တယ်။ ကိုမျိုးဆိုလည်း ကိုယ့်မောင်လေးလိုပဲ တအားချစ်တယ်။ ကစ်ကစ်ဆိုလည်း ကိုယ့်သမီးလေးလိုပဲချစ်တယ်။
ကိုယ့်မိသားစုကိုလည်းချစ်ပါတယ်။ ကိုယ့်အိမ်ထောင်ကိုလည်း ကိုယ်ချစ်ပါတယ်။ ဒါပေမဲ့ အနုပညာခွင်နားက မသွားချင်ဘူး။ ဝေဒနာခံစားနေရတုန်းက ငါသေရင် ဒီမှာ ပဲသေချင်တယ်လို့၊ ရန်လေးက စိတ်သက်သာအောင် မျက်တောင် အတုတွေဖြုတ်ထားမလားတဲ့။ မဖြုတ်နဲ့ ငါရုတ်တရက် သေရင်လှ လှလေး သေလိုက် ချင်လို့ လို့။ ဝေဒနာတွေက ခံစားနေရတယ်။ ခဏခဏအန်နေတယ်။ မမို့အဖေတုန်းကလည်း အန်ပြီးတော့ ဦးနှောက်သွေးကြောပျက်သွားတယ်။ လူဆိုတာမပြောနိုင်ဘူး။ တစ် ခုခု ဖြစ်သွားနိုင်တယ်လေ။ ဒီအချိန်မှာ တစ်ခုခုဖြစ်သွားရင်လည်း ကိုယ့်မောင်ရန်လေးလည်းရှိတယ်၊ ကိုမျိုးလည်းရှိတယ် ကျေနပ်တယ်လို့ တွေးမိတယ်။ ဘာလို့လဲ ဆိုရင် မမို့ အနုပညာ ကို တအားချစ်တယ်။ အနုပညာအသိုင်းအဝိုင်းက လူတွေအား လုံးကိုချစ်တယ်။ နောက်ဆုံးစက်အဖွဲ့က ကလေး၊ ရှုတင် မန်နေဂျာကအစ အစ်မကို ချစ်တော့ ပြာနေတာပဲ။ အဲဒီ တော့ ကိုယ်ကလည်း ပိုချစ်တာပေါ့။ မမို့ကိုပြန်နား ခိုင်း တယ်။ မပြန်ဘူး။ မမို့ရဲ့ဆေးကအနုပညာပဲ” လို့ပြောပါတယ်။
ခိုင်ဝေလွင်
Source:popularmyanmar.com
0 comments:
Post a Comment