
အေးမြတ်သူက သူ့ရဲ့ပွဲတက်ဝတ်စုံများကို အွန်လိုင်းကရောင်းချလို့ရရှိတဲ့ငွေကြေးကို မေလ ၂၄ရက်နေ့၊ နေ့ခင်း ၃နာရီကသုခရိပ်မြုံက HIV ဖြစ်နေတဲ့ကလေးများအတွက် သွားရောက်လှူ ဒါန်းခဲ့ပါတယ်။ ဒီအလှူကတော့ အွန်လိုင်းမှာခင်မင်နေတဲ့ မိတ်ဆွေတစ်ဦးကဦးဆောင်ကာ သုခရိပ်မြုံဂေဟာမှာ သွားရောက်လှူဒါန်းဖို့ ရှိတယ်ဆိုတာသိရ တာကြောင့် သူ့ရဲ့ပွဲတက်ဝတ်စုံ ၃စုံရောင်းချရငွေကျပ် ၃ သိန်းနဲ့ အတူကျပ် ၂ သိန်းထပ်ဖြည့်ပြီး အလှူငွေကျပ် ၅ သိန်းလှူဒါန်းခဲ့တာဖြစ်ပါတယ်။ အခု ရက်ပိုင်းအတွင်းမှာ အင်တာနက်လိုင်းမကောင်းတာကြောင့် ဝတ်စုံ ၃စုံပဲ ရောင်းချဖြစ်ခဲ့ပုံကို အေးမြတ်သူက ” ဒီနေ့အလှူကတော့ ပေါ်ပြူလာဂျာနယ်မှာ ပြောထားသလိုပဲ ဝတ်စုံတွေေ ရာင်းပြီးတော့ လှူ တာပါ။ ဝတ်စုံရောင်းရတာ စုစုပေါင်း ၃သိန်းရတယ်။ ထပ်ရောင်းချင် တာ ဒီရက်ပိုင်းမှာ အေးမြတ်သူ နည်းနည်းအလုပ်ရှုပ်နေတာရယ်၊ ပြီးတော့ လိုင်း လည်း မမိတဲ့နေရာ ကျိုက်ထီးရိုးကလည်း လိုင်းသိပ်မကောင်းဘူး။ နယ်ဘက် ရောက်နေတာနဲ့ အများကြီးမရောင်းဖြစ်လိုက်ဘူး။ ရောင်းရ တဲ့ငွေနဲ့ ကိုယ်ပိုင်ငွေနဲ့ ပေါင်းပြီး ၅သိန်း လှူလိုက်တယ်။ အေးမြတ်သူက ကိုယ်ဦးဆောင်တဲ့ အလှူမဟုတ်တဲ့အတွက် ခေါင်းဆောင်တဲ့အစ်မ တွေကို အပ်ပြီးလှူလိုက်တယ်။ အဓိကကတော့ အရင် ထက်စာရင် ကိုယ့်အဝတ် အစားလေးတွေကို ရောင်းပြီး လှူရတာပိုသဘောကျတယ်။ ပထမအစီ အစဉ်ကတော့ ကိုယ့်ဝတ်စုံဝယ်ထားတဲ့ အစ်မတွေနဲ့ အတူဝိုင်းပြီး လာလှူ မလို့ပဲ။ ဒါပေမဲ့အစ်မတွေက တချို့နယ်ရောက်နေတာရှိတော့ လာမလှူဖြစ်လိုက်ဘူး” လို့ ပြောပါတယ်။ နောက်နောင်လည်း ဒီလိုအလှူတွေလုပ်ဖို့ စိတ်ကူး ရှိကြောင်း အေးမြတ်သူက ပြောပါတယ်။ ဒါ့အပြင် ကလေးငယ်တွေ စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ အတွက်ဆောင်ရွက်ခဲ့တဲ့ အေးမြတ်သူက ” မေတ္တာတရားလို အပ်နေတာ ကတော့ နေရာတိုင်းပါပဲ။
အသက်ကြီးတဲ့သူလည်း ကြီးတဲ့အလျောက်၊ ငယ်တဲ့သူလည်း ငယ်တဲ့အလျောက်၊ မေတ္တာတရားတွေ လိုအပ်နေကြတယ်။ ဒီလိုမျိုးလေးမှာ ကိုယ်လာပြီး သူတို့နဲ့ စကားပြောတာမျိုး၊ သူတို့အတွက် အပြုံး လေးနဲ့ စကားအပြန်အလှန်ပြောတာမျိုး အဓိကကတော့ ငွေကြေးလှူတယ်ဆိုတာထက် သူတို့အပေါ်နားလည်နိုင်စွမ်းရှိတာ မျိုးတွေ သိစေချင်တယ်။ သူတို့ရဲ့ဘဝလေးတွေကလည်း ပျော်စရာကောင်းတယ်။ သိမ်ငယ်စရာမလိုဘူး။ အရာရာအားလုံးကို ကိုယ့်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ကိုယ့် ယုံကြည် မှုနဲ့ ရှေ့ကိုလျှောက်နိုင်ရမယ်။ ကိုယ်တွေမေတ္တာတရားနဲ့ ဖေးမပေးတာတွေကို သိစေချင်တယ်” လို့ပြောပါတယ်။ အေးမြတ်သူက ဒါရိုက်တာကိုဇော် (အရုဏ်ဦး)၊ အောင်ရဲ လင်း၊ မိုးဟေကိုတို့နဲ့ ဇွန်လ ၁ရက် နေ့မှာ ရုပ်ရှင်ကားကြီး ရိုက်ကူးမှာဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ ယောက်ျားလိုချင်တဲ့ အပျိုကြီးမမအဖြစ်အနေနဲ့ သရုပ်ဆောင် သွား မှာဖြစ်ကြောင်း သိရပါတယ်။
ခိုင်ဝေလွင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Source:popularmyanmar.com
0 comments:
Post a Comment