![]() |
ဓါတ်ပုံ - အင်တာနက် |
ကြံခင်းမြို့ ရွာသစ်ရပ်ကွက် မဟာဘောဂလမ်းရှိ ဦးဝင်းဌေး (ဆုံဆည်းရာ စားသောက်ဆိုင်) ပိုင် နေအိမ်ဗီရိုအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံနှင့် ငွေစက္ကူများ ခိုးယူခံရမှုတစ်ခုဖြစ်ပွားခဲ့ရာ ကြံခင်းမြို့မ ရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်မျိုးဇော်မြင့်နှင့်အဖွဲ့ အခင်းဖြစ်နေအိမ်သို့ သွားရောက်စစ်ဆေးရာ နေအိမ်အတွင်းပစ္စည်းများ ပြန့်ကျဲနေသဖြင့် သမီးဖြစ်သူ မဌေးသက်မွန်က ဗီရိုအတွင်းသိမ်းဆည်းထားသော စာအုပ်ဖြစ်နေ၍ ဗီရိုအောက်ထပ်အခန်းကို ဖွင့်ကြည့်ရာ ရွှေထည်ပစ္စည်းမျိုးစုံနှင့်ငွေသားစက္ကူများ ပျောက်ဆုံးနေကြောင်း တွေ့ရှိရ၍ ဦးဝင်းဌေးက တရားလိုပြုကာ ကြံခင်းမြို့မရဲစခန်းတွင် အမှုတိုင် တန်းခဲ့သည်။
ခိုးယူခံရသော ရွှေထည်ပစ္စည်းမျိုးစုံ၏ စုစုပေါင်း ရွှေအလေးချိန်မှာ ကိုးကျပ် တစ်မူး ငါးရွေးခန့်နှင့် ငွေစက္ကူရောရာ ကျပ်သိန်း ၁၂ဝ ခန့် စုစုပေါင်း တန်ဖိုး ၁၇၆ သိန်းကျော်ခန့် ခိုးယူခံရကြောင်း သိရသည်။
ဌေးမင်း(ကြံခင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment