လှည်းကူးမှာ ရဲအင်အား ၄၀၀ ကျော်က နေအိမ်တွေကို ၀င်ရောက်ဖျက်ဆီး


ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဖျက်ဆီးခံရသော ကျူးကျော်အိမ်တချို့ကိုတွေ့ရစဉ် Photo: Kyaw Lwin Oo/ RFA
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စံပြကျေးရွာသစ်က အိမ်ခြေ ၁ဝဝ ကျော်ကို ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်က ၀န်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၄ဝဝ ကျော် လောက်က ဒီနေ့ဝင်ရောက်ဖျက်ဆီးလိုက်ပါတယ်။

နေအိမ်ဖျက်ဆီးခံရတဲ့ ကျေးရွာသားတွေဟာ သူတို့မူလနေခဲ့တဲ့ မြေနေရာတွေမှာ ပြန်လည်နေထိုင်ရာမှာ ပုဒ်မ ၄၄၇ ကျူးကျော်မှုနဲ့တရားစွဲခံထားရသူတွေဖြစ်ပြီး လက်ရှိမှာ လူဦးရေ ၃၀၀ ကျော်ဟာ နေစရာမရှိတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ အိမ်ဖြိုဖျက်ခံရတဲ့ ဦးကြည်အောင်က ပြောပါတယ်။

"ဒီဟာက နဂိုတုန်းကရွာဟောင်းပါ၊ ကျူးကျော်တော့မဟုတ်ဘူး၊ ၃၄ နှစ်တွင်းမှာ ဘာမှလုပ်ထားတာမရှိဘူး၊ အဆောက်အဦးဆောက်ထားတာလည်း မရှိဘူး၊ မြေလွတ်မြေရိုင်းဒီတိုင်းထားတာပါ၊ ကျနော်တို့က ကိုယ့်နေရာလေးကိုယ်ပြန် နေလို့ပေါ့နော်၊အကြောင်းကြားစာကို ၂၅ ရက်နေ့မှာ တစ်ခါပို့တယ်၊ ၃၀ ရက်နေ့မှာ တစ်ခါပို့တယ်၊ အခု ၂ ရက်နေ့မှာ မနက် ၄ နာရီမှာပေါ့နော်၊ ပြည်သူ့ရဲတွေရော၊ ဝန်ထမ်း တက္ကသိုလ်ကလည်း ပါတယ်၊ နယ်မြေအုပ်ချုပ်ရေးလည်း ပါတယ်၊ အခုလမ်းဘေးက အထက်တန်းကျောင်းနားမှာ ပြန်ချထားပေး တယ်"

စံပြကျေးရွာသစ်ဟာ လွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်လောက်ကစပြီး မြေဧက ၁၀၀ ကျော်မှာ တည်ရှိခဲ့တာ ဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။

သမ၀ါယမ၀န်ကြီးဌာနက လွန်ခဲ့တဲ့ ၁၉၈၁ ခုနှစ်မှာ အဲဒီကျေးရွာကို သိမ်းယူခဲ့တာဖြစ်ပြီး ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်ကို လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment