
အဆိုတော် လင်းလင်းက မေလ တစ်လလုံး နီးပါး Metal Zone စတူဒီယိုထဲ မှာပဲ အချိန် ကုန်နေပါတယ်။ သူ့ရဲ့ စီးရီးသစ် အတွက် စတူဒီယို မှာပဲ အိပ်၊ စတူဒီယိုမှာပဲ စားပြီး သံစဉ်တွေ ကြားမှာ မွေ့ပျော်နေပါ တယ်။ လင်းလင်းနဲ့ Dream Lover တီးဝိုင်း အဖွဲ့သားတွေ အသံသွင်းနေကြတဲ့ Metal Zone ကို မေလ နောက်ဆုံးပတ် မှာ သွားရောက် ဖြစ်တဲ့ အခါ လင်းလင်း က သူ့သီချင်းသစ်တွေ အတွက် လိုအပ်တဲ့ လိုင်းတွေ ဖြည့်နေတာကို တွေ့ရပါ တယ်။
လင်းလင်းရဲ့ ဒီ၎ခွေမြောက် စီးရီးကတော့ Dream Lover တီးဝိုင်းနဲ့ လင်းလင်း တို့ရဲ့ ဖန်တီးမှု နဲ့အတူ အရင် စီးရီးတွေ နဲ့မတူဘဲ instrumental ဆန်ဆန် တီးလုံး ပိုင်း အသားပေးကာ လင်းလင်းရဲ့ Vocal ကိုလည်း ကြားဖူး နေကျ မဟုတ်တဲ့ ပုံစံနဲ့ နားဆင်ရ မှာဖြစ်ပါတယ်။ လင်းလင်းက သူ့ရဲ့ တတိယမြောက် စီးရီး သံမဏိ လိပ်ပြာ MTV ကိုလည်း ထွက်ရှိတော့ မှာဖြစ်ပြီး စီးရီးသစ် နဲ့ သံမဏိလိပ်ပြာ MTV အရင်ပြီးတာကို အရင်ထွက် ရှိလာမယ် လို့လည်း လင်းလင်း ဆီက သိရပါတယ်။
“VCD, DVD ကြီးထွက်ပြီး ခွေသစ် ထွက်ရမယ်လို့ ခေါင်းထဲ သိပ်မရှိဘူး။ အခုလုပ်နေတဲ့ စီးရီးသစ်က အရင်ပြီးလည်း ပြီးတာနဲ့ ထွက်မှာပဲ။ အခုနှစ်ခုလုံး ကတော့ မကြာတော့ ဘူး။ စီးရီးသစ် ကလည်း ဒီမိုးတွင်းထဲမှာပဲ ထွက်ဖြစ်မယ်”လို့ လင်းလင်းက ပြောပါတယ်။
သီချင်းတွေ အချော သပ်နေတဲ့ လင်းလင်းတို့ စတူဒီယို ကို ရောက်တဲ့အခါ ကြားရတဲ့ သီချင်းတွေ က မြန်မာပြည်တွင်း မှာ ဖြစ်ပျက်နေတဲ့ အကြောင်း အရာ တွေ ကို နောက်ခံ ထားပြီး ဖွဲ့သီထားတဲ့ သီချင်းတွေ ဖြစ်ပြီး အမြည်း နားဆင်ရတာ ကြောင့် ဒီစီးရီးသစ်မှာ ပါဝင်မယ့် လတ်လတ်ဆတ် ဆတ် စာသားတွေ အကြောင်း လင်း လင်း နဲ့ ပြောဖြစ် ပါတယ်။ “ဒီအခွေက အမှန်တိုင်း ဝန်ခံ ရရင် တီးဝိုင်းရော၊ ကျွန်တော်ရော၊ အင်ဂျင်နီယာရော အပင်ပန်းဆုံး အခွေ လို့ ပြောလို့ရတယ်။ သီချင်းပုံစံတွေ က လည်း ကျွန်တော် တို့ အားလုံးအတွက် တော်တော် ခက်ခက်ခဲခဲ လုပ်ရတဲ့ ပုံစံ တွေ များတယ်။ သီချင်း အကြောင်းအရာတွေ ကလည်း ရှေ့ ၃ခွေ နဲ့ ကွဲပြား လိမ့်မယ်။ ပြီးတော့ သီချင်း အမြန် အဆူတွေ များမယ်။ သီချင်း အကြောင်းအရာတွေ က တော့ ကျွန်တော်လည်း ပြည်သူထဲ က ပြည်သူ တစ်ယောက်ပဲ ဆိုတော့ အတူတူ မျှဝေပြီး ခံစားထားတဲ့ အကြောင်း အရာတွေ ကို ဖွဲ့ထားတဲ့ သီချင်းတွေ ပါမယ်။ အချစ် သီချင်းတောင် တစ်ပုဒ်၊ နှစ်ပုဒ်ပဲ ပါမယ်ထင်တယ်” လို့ လင်းလင်းက ပြောပါတယ်။
ဒီစီးရီးသစ်မှာ instrumental အတီးပိုင်း ဦးစားပေးလည်း ဖြစ်သလို ဆိုပုံဆိုဟန် ကိုလည်း လင်းလင်း အသံကို ကြားနေကျ အတိုင်း ကြားရမှာ မဟုတ်တဲ့ အတွက် လင်းလင်း ပရိသတ် တွေ ရင်ခုန်ဦး မယ့် စီးရီးပဲ ဖြစ်ပါတယ်။ ဒီစီးရီး ကိုတော့ မိုးတွင်း ကာလအတွင်း အမီ ထွက်ရှိနိုင်ဖို့ ကြိုး စား သွားမှာဖြစ်ကြောင်း လင်းလင်း က ဆက်လက် ပြောပြခဲ့ပါတယ်။
ရဲရဲ
Source:popularmyanmar.com
0 comments:
Post a Comment