
လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်ကို မြန်မာ တစ်နိုင်ငံလုံး တွင်တွင် ကျယ်ကျယ် အသုံးပြုလာ ကြတဲ့ အခါ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေ လည်း များ စွာ သက် ရောက်စေပါတယ်။ အနုပညာရှင် တစ်ယောက် အနေနဲ့ ဖေ့စ်ဘုတ်ကို ဘယ်လို အသုံးပြုလဲဆိုတဲ့ အပေါ်နဲ့ လူမှုကွန်ရက် တစ်ခုအဖြစ် ဖေ့စ်ဘုတ် ကို တွင်တွင် ကျယ် ကျယ် အသုံးပြုလာကြတဲ့ အပေါ် တေးသံရှင်မေဆွိ ရဲ့ အမြင်က အခုလို ဖြစ်ပါတယ်။
“ဖေ့စ်ဘုတ်ဆိုတာက အဝေးမှာရှိတဲ့ သူတွေကို နီးနီးကပ်ကပ် ပြန်ဆုံတွေ့ ရတာတို့၊ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေ တွေ့ဆုံရတာတို့ ဒါတွေကိုတော့ သဘောကျ တာပေါ့လေ။ ဒါပေမဲ့ တချို့ Personal ကိစ္စ တွေကျတော့လည်း အဲဒီလောက်ကြီး အထိ ထဲထဲဝင်ဝင် စွက်ဖက်ပြီး ပြောဆိုတာမျိုးကို တော့ မဖြစ်စေချင် ဘူးပေါ့လေ။ ဒါကြောင့်မို့ တစ်ခါတစ်ခါ ကျလို့ ဖေ့စ်ဘုတ် နဲ့ပတ်သက် ပြီး ပြောရမယ် ဆိုလို့ရှိရင် မရှိမကောင်း၊ ရှိ မကောင်းလို့ပဲ ပြောချင်ပါ တယ်”လို့ မေဆွိဆီက သိရပါ တယ်။
အခုလို မရှိမကောင်း၊ ရှိမကောင်း ဖေ့စ်ဘုတ် အပေါ် တေးသံရှင် မေဆွိအနေနဲ့ အသုံးပြုခြင်း ရှိပါသလား ဆို တဲ့အမေး ကိုလည်း မေဆွိက အခုလို ပြောပါတယ်။
“ကိုယ့်ရဲ့ Friends အနေနဲ့ ဖွင့်ထားတဲ့ အကောင့် တစ်ခုတော့ရှိတာ ပေါ့လေ။ ဒါကကျတော့ အင်မတန်ကို ရင်းနှီးတဲ့ သူနဲ့ ကိုယ့်ကို အစောကြီး ကတည်းက လာပြီးတော့ Friends အနေနဲ့ add လုပ်ထားတဲ့ သူတွေလောက်ကိုပဲ လက်ခံဖြစ်တယ်။ Activities တစ်ခု အနေနဲ့ ရှိုးတစ်ခု လုပ် တော့မယ်တို့၊ အခွေ ထွက်တော့မယ် တို့ဆိုရင် များသော အားဖြင့် ကျွန်မရဲ့ Fun Page ကနေ Announce လုပ်တာများ ပါတယ်။ Personal အနေနဲ့ ကတော့ တစ်ခါတလေ အပြင် မှာ သူငယ်ချင်းတွေ နဲ့ ထွက်ပြီး တော့ စားဖြစ်တယ်တို့၊ ခရီး သွားဖြစ်တဲ့အခါမျိုး တို့ကိုပဲ Update လုပ်ဖြစ်တယ်။ ကျန်တာ ကတော့ ဒီလောက်ကြီး မတင်ဖြစ် ပါဘူး။ များသောအားဖြင့် သူငယ်ချင်းတွေ တင်တဲ့ ဟာတွေကို ဝင်ကြည့်ဖြစ်တယ်။ Like လုပ်ဖြစ်ပါတယ်” လို့ မေဆွိကပြောပါတယ်။
သီချင်းဆို ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ “အိပ်မက်ဆုံရာ ရာသက်ပန်” အစီ အစဉ်မှာ Grand Final အထိ ဒိုင်အဖြစ် ဆောင်ရွက် သွားမယ့် မေဆွိက နိုဝင်ဘာလမှာ ကျင်းပ မယ့် မေဆွိ၊ မီမီဝင်းဖေ၊ ရတနာဦး တို့ သုံး ယောက် ရဲ့ရှိုးပွဲကိုလည်း သေသေ ချာချာ စီစဉ်နေကြောင်း ပြောပြခဲ့ပါ တယ်။
မျိုးမောင်
Source:popularmyanmar.com
0 comments:
Post a Comment