ဟာသအနုပညာရှင် တွေကို အဓိက သရုပ် ဆောင် အဖြစ်သုံးခဲ့ခြင်း အပေါ် ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ရဲ့ ရှင်းတမ်း


လာမယ့်ဇူလိုင်လထဲမှာတော့ ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးဖန်တီးထားတဲ့ “ဤအရာကို အချစ်ဟုခေါ်သလား” ရုပ်ရှင်ဇာတ်ကားကို ပြသသွားတော့ မှာဖြစ်ပါ တယ်။ အဲဒီဇာတ်ကားမှာ နိုင်နိုင်း၊ မိုးဟေကိုတို့နဲ့အတူ အဓိကဇာတ်ဆောင်တွေအဖြစ် ဟာသသရုပ်ဆောင် ဗေလုဝ၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ တက္ကသိုလ်ဂွမ်းပုံတို့ကို အဓိက အားပြုပြီး အညာဒေသရဲ့ ဓလေ့စရိုက်တွေနဲ့အတူ ရင်သပ်ရှုမငြီးဖွယ်ဖြစ်အောင် ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးတင်ဆက်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီဇာတ်ကားက ဟာသဇာတ်မြူးလို့ တံဆိပ်တပ်ထားပေမယ့်လည်း အညာရနံ့တွေလွှမ်းခြုံနေတဲ့ “ဤအရာကို အချစ်ဟုခေါ်သလား” ဇာတ်ကားထဲမှာ အလွမ်း၊ အဆွေး၊ ဒရာမာစတဲ့ ဇာတ်ဝင်ခန်းတွေကိုလည်း ဟာသအနုပညာရှင်တွေဖြစ်ကြတဲ့ ဗေလုဝ၊ တက္ကသိုလ်ဂွမ်းပုံတို့က တိကျပိုင်နိုင်စွာနဲ့ ဇာတ်ကားတစ်ခုလုံးကို ကြွတက်လာအောင် လှုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ဇာတ်ကားကို ဖန်တီးတဲ့ ကိုဇော်(အရုဏ်ဦး)ဟာ သူ့ရဲ့ဟာ သရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “ဥ” ရုပ်ရှင်တုန်းကတော့ နာမည်ကျော် အနု ပညာရှင်တွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ ဘာကြောင့်ပြောင်းလဲပြီး ဟာသအနုပညာရှင်တွေကို အဓိက အားပြုရိုက်ကူးခဲ့ရသလဲဆိုတာကိုတော့ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က
“ဒီဇာတ်ကားရဲ့ဇာတ် frame က ရိုက်ဖူးနေကျ ဇာတ် frame မျိုးပါ။ ဒါပေမဲ့ ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေပဲထားပြီးတော့ သွားရိုက် လိုက် မယ်ဆိုရင် ရိုးရိုးသာမန်ဟာသဇာတ်ကားတစ်ကားပဲဖြစ်သွားပါမယ်။ ကြည့်လို့လည်း ကောင်းနိုင်မှာမဟုတ်တော့ဘဲနဲ့ ဗီဒီယိုဇာတ်ကားတစ်ကားလိုပဲ ရိုးရှင်းစွာနဲ့ ကြည့် လိုက်ရမယ့် သဘောဖြစ်သွားမယ်။ အဲဒါကြောင့်မို့ ဟာသသရုပ်ဆောင်တွေနဲ့ ရိုက်ရတာပါ” လို့ မှတ်ချက်ပြုဆို ပါတယ်။
ဟာသအနုပညာရှင်တွေရဲ့ အဓိက အားသာချက်က ငိုစရာရှိတာကို over လုပ်လို့ရနိုင်သလို၊ ရယ်စရာ လုပ်တာတွေကိုလည်း  over အထိ လုပ်လို့ရနိုင်နေတယ်လို့ ဒါရိုက် တာ ကိုဇော်(အရုဏ်ဦး)က ထောက်ပြ ပြောပါတယ်။ ” ဟာသသရုပ်ဆောင်တွေမှာက ချုပ်ထားစရာဘာမှ မလိုဘူး။ မင်းသား၊ မင်းသမီးဆိုရင် သူတို့လိုလုပ် လို့မရ ဘူး။ တက္ကသိုလ်ဂွမ်းပုံရဲ့နေရာမှာ နောက်မင်းသမီးတစ်လက်ထည့်ရိုက်မယ်ဆိုရင် အဲဒီမင်းသမီးက သူ့လိုမျိုးပုံစံနဲ့ ငိုနိုင်မှာ မဟုတ်ဘူး။ ဟာသအနုပညာ ရှင်ဆိုတာ က Freedom ပိုဖြစ်တယ်။ မင်းသား၊ မင်းသမီးဆိုရင် သူတို့လို Freedom ဖြစ်လောက်မှာမဟုတ်ပါ။ အဲဒါ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ပင်ကိုအိုက်တင်မှာကိုက အနု ပညာ ဈာန်တွေ ကိန်းအောင်နေလို့ပါ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း ပရိသတ်တွေကြည့်ရှုတဲ့အခါ တန်အောင်ပေးဆပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုမျိုးနဲ့ပဲ ဘယ်ဇာတ် ကားမဆို ရိုက်တယ်။ ပရိသတ်ကိုလည်း စေတနာထားတယ်” လို့ ကိုဇော်(အရုဏ်ဦး)က ပြောခဲ့ပါ တယ်။ အဲဒီဇာတ်ကားကိုတော့ ၂ဝ၁၂ ခုနှစ်ထဲမှာ ရိုက်ကူးခဲ့ တာဖြစ်ပြီး လို ကေးရှင်းတွေကတော့ အညာရနံ့၊ ဒေသရှုခင်းတွေကို အစစ်အမှန်ရရှိနိုင်တဲ့ ပုပ္ပားဒေသဘက်မှာ သွား ရောက်ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ကိုဇော်(အရုဏ်ဦး)က ထပ် မံပြောပြခဲ့ ပါတယ်။
ထက်လူ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment