ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း လုပ်တော့မယ့် မိုးစက်ဝိုင်


မိုးစက်ဝိုင်က လတ်တလောမှာ Amazing Cities ပရိုဂရမ်အတွက် ဇွန်လပထမပတ်ထဲမှာ ကချင်ပြည်နယ်ကို သွားရောက်ရိုက်ကူးမှာဖြစ် ပါတယ်။ Myanmar Media 7 နဲ့ ရိုက်ကူးဖို့ပြောထားတဲ့ ရုပ်ရှင်ဇာတ် ကားကတော့ မရိုက်ဖြစ် တော့ပေမယ့် ဇာတ်ကားတစ်ကားမဟုတ် တစ် ကားတော့ ရိုက်ကူးဖို့ဆန္ဒရှိကြောင်း မိုးစက် ဝိုင်ကပြောပါတယ်။ မိုးစက်ဝိုင်က ၂ဝ၁၅ နှစ်ကုန်ပိုင်း သို့မဟုတ်၂ဝ၁၆ နှစ်ဆန်းပိုင်းမှာ စီးပွားရေး စလုပ်တော့မှာဖြစ် ကြောင်း ပြောပါတယ်။ ဘဝမှာ အောင်မြင်တဲ့ အမျိုး သမီး စီးပွားရေး လုပ်ငန်းရှင်ဖြစ်ချင် တယ် ဆိုတဲ့ မိုးစက်ဝိုင်က…”မိုးစက်က Beauty Industry ထဲပဲ ဝင်ချင်တာပါ။ ကိုယ် ကိုယ်တိုင် ကလည်း ကိုယ့် ဝါသနာ၊ ကိုယ်ယုံ ကြည် တာကိုပဲ သူများတွေကို ယုံကြည်အောင် ပြောနိုင်မယ်လို့ ထင်တယ်။ အဲဒီ အတွက် Beauty Industry ထဲဝင်မယ်။ ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ် ဆန်းလောက်တော့ နည်းနည်းပါးပါး စီးပွား ရေး လေးဘာလေး လုပ်ရမှာပေါ့လေ။ အသေးစိတ်တော့ ဂဃနဏ မပြောသေးဘူး။ ရည်မှန်းချက် ကတော့ Business Woman ပေါ့။ ဘာအလုပ်ပဲ လုပ်လုပ် အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ချင်တယ်။ ကိုယ်လုပ်တဲ့ အလုပ်ကို အောင်မြင်ချင် တာတော့ အ မှန်ပဲ။ Business မှာမှ အများကြီးပဲ။ ကိုယ်ဝါ သနာပါရာကို လုပ်ရင် ပင်ပန်းတယ် မထင်ဘူး။ အဲ ဒါကြောင့် မိုးစက် ဝါသနာပါတဲ့ Beauty Industry  ထဲပဲဝင်ချင်တာပါ”လို့ ပြောပါတယ်။
ခိုင်ဝေလွင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment