လယ်ကွင်းထဲတွင် အလောင်းတွေ့သူ ဒေါ်မတင်သေဆုံးမှုမှာ သွေးရိုးသားရိုးဟုဆို


ရန်ကုန်၊ ဇွန်လ ၂၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သင်္ဘောကွေ့ကျေးရွာမှ ဒေါ်မတင် လယ်ကွင်း ရေထဲတွင် သေဆုံးနေမှုမှာ သွေးရိုးသားရိုးသေဆုံးမှုသာ ဖြစ်ကြောင်း ကျောက်တော်မြို့နယ် ဆေးရုံအုပ်ကြီးနှင့် ရဲတပ်ဖွဲ့ မှ နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

“ သူမ အလောင်းကို ဆေးရုံမှာ စစ်ဆေးပါတယ်။ အပြင်နဲ့ အတွင်း ဒဏ်ရာ ဘာမှ မတွေ့ရဘူး။ ရိုးရိုးသေတာ ဖြစ်ပါတယ်” ဟု ကျောက်တော်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ရင်က နိရဉ္စရာသို့ ပြောသည်။

ကျောက်တော်မြို့နယ် သင်္ဘောကွေ့ကျေးရွာမှ ဒိုင်းနက် အမျိုးသမီးကြီး တစ်ဦးဖြစ်သူ ဒေါ်မတင် (၆၃ နှစ်) သည် ကျောက်တော်မြို့မှ မိမိကျေးရွာသို့ အပြန် တနင်္လာနေ့ ညနေက ပျောက်ဆုံးသွားခဲ့သည်။ သူမ အလောင်းအား အင်္ဂါနေ့ နံနက် ကာလီယာဟု အမည်ရသော ဘင်္ဂလီ လူမျိုး တစ်ဦးပိုင် လယ်ကွင်း တစ်ခုရှိ ရေထဲတွင် သေဆုံး၍ တွေ့ရှိခဲ့သည်။ ယခု ဒေါ်မတင် သေဆုံးသောနေရာမှာ ယခင်က သရက်အုပ်ကျေးရွာမှ ကျော်မောင်ချေ အသတ်ခံရသော လယ်ကွင်းအနီးတွင် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်ပြီး နိရဉ္စရာမှ ကျောက်တော်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက ရိုးရိုးတန်းတန်း သေခြင်းသာ ဖြစ်ကြောင်း ပြောသည်။

“ လူသတ်တာ မဟုတ်ပါဘူး။ ရိုးရိုးတန်းတန်း သေတာပါ။ သူမှာ ခေါင်း မူးတဲ့ ရောဂါရှိတယ်လို့ သိရတယ်။ သွားရင်းလဲကျပြီး သေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဖေ့စ်ဘုတ်အပါအ၀င် ကျောက်တော်ဒေသခံများ အကြားတွင် အသတ်ခံရကြောင်း သတင်းပျံ့နှံ့နေသဖြင့် အသတ်ခံရတာ မဖြစ်နိုင်ဘူးလားဟု ဆက်လက် မေးမြန်းရာ သူက ယခုလိုဆက်လက် ပြောဆိုသည်။

“ အားတဲ့သူတွေကတော့ ဒီအတိုင်း လုပ်နေကြတာပါဘဲ။ သူ့နားမှာ နားကပ်တောင်ပါလာတယ်။ ဆေးရုံမှာလည်း ဆေးစစ်ပြီးပါပြီ။ အခု သေတဲ့နေရာက ကုလားလည်း မရှိပါဘူး။ ဝေးပါတယ်” ဟု ဆက်လက် ပြောဆိုသည်။

ဒေါ်မတင် သေဆုံးမှုနှင့် ပတ်သက်ပြီး ဒေသခံများအကြားတွင် အသတ်ခံရခြင်း ဖြစ်နိုင်ကြောင်း သတင်းများ အစပိုင်းတွင် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

Narinjara
https://www.facebook.com/pages/Narinjara
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment