မန္တလေး တွင် မီးလောင် မှု ဖြစ်ပွား ၊ နေအိမ် ၅ လုံး မီးသင့်၊ မီးသတ်ရဲဘော် ၁ ဦးအပါအ၀င် ၃ ဦးဒဏ်ရာရ


မန္တလေး ၊ ဇွန် ၂၅ ။

မန္တလေး မြို့ ၈၃ လမ်း၊ ၄၀ - ၄၁ လမ်းကြား ဥပုသ်တော်လမ်းတွင် ယနေ့ ညနေ ၅း ၃၀ ခန့် က မီးလောင် မှု တစ် ခု ဖြစ်ပွားခဲ့ရာ နှစ်ဦးဒဏ်ရာ ရရှိပြီး ၊ နေအိမ် ၅ လုံးခန့် မီးသင့်ခဲ့ကြောင်း မီးလောင်သည့် နေရာတွင်ရောက်ရှိသတင်းရယူနေသည့် Oriental News သတင်းထောက်က သတင်းပေးပို့ သည်။

´´ မီးလောင်လို့ အိမ် ၅ လုံးလောက် ဆုံးရှူံးသွားပါတယ် ။ ၃ ဦးဒဏ်ရာ ရပါ တယ်။ ၁ ဦးက မီးသတ်ရဲဘော်ပါ။ မီးသတ်ရင်း ဒဏ်ရာ ရလို့ နားထဲက သွေးတွေ ထွက်လာတာကို မြင်ရပါတယ်။ သူ့  ကို ကြက်ခြေ နီ အဖွဲ့က ကုသပေးနေပါတယ်။ ၁ ဦး ကိုတော့ အရေးပေါ် လူနာတင်ယာဉ် နဲ့ ခေါ်သွား တာတွေ့ရပါတယ်။ ကျန်တဲ့ တစ်ဦးက တော့ ပုလင်းကွဲ စူးတာ ပါ။ သူ့ ကို ၀ိုင်းဝန်းပြု စုပေးနေကြပါတယ်။ အဘွား ကို တစ်ယောက်က မီးလောင် တာမြင်ပြီး လန့် သွား လို့ ၀ိုင်းဝန်းပြု စုပေးနေပါတယ်။ လမ်းထဲ မှာ ရှိတဲ့ ဆိုင်ကယ် တစ်စီး က လမ်းပေါ် ရပ် ထားလို့ မီးသတ် ကား ကြိတ် မိသွားပါတယ် ။အခု ( ၅း၄၀ ) မှာတော့ မီး ငြိမ်းသွား ပါပြီ´´ ဟု ၄င်းကပြောသည် ။

မီးလောင် မှု နှင့် ပတ်သက်၍ မဟာအောင်မြေမြို့နယ်၊ မီးသတ်တပ်ဖွဲ့ ဖ ထံ ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ် ၍ မရ ခဲ့ပေ။

မီးလောင်သည့်အကြောင်းအရင်းကို မသိရှိရသေးကြောင်း Oriental News သတင်းထောက်ကပြောသည်။

ရဲလင်းအောင် ( Oriental News )
PHOTO - YLA ( Oriental News)၊ Layethitaw Layethitaw ၊KO ZAW DAY
https://www.facebook.com/orientalnewsmyanmar

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment