ကလေးခွေးကိုက်ခံရရာမှ အချေအတင် စကားများပြီး လူသတ်မှု ဖြစ်ပွား


ကျောက်ဖြူ၊ ဇန်န၀ါရီ ၃၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာ အုပ်စု ကျောက်တင်ဆိပ် ကျေးရွာတွင် အသက် (၆) နှစ်အရွယ် ကလေးငယ် တစ်ဦး ခွေးကိုက်ခံရရာမှ အချေအတင် စကားများပြီး လူသတ်မှု ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

” ခွေးကိုက်ခံရရာမှ စတင်ပြီး ရန်ဖြစ်ကြတယ်လို့ သိရတယ်။ တစ်ဦးသေတယ်။ နောက်တစ်ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ သူက ဆေးရုံမှာ တက်ရောက် ဆေးကုသနေတယ်” ဟု ကျောက်ဖြူ ရဲစခန်း တာဝန်ရှိသူ တစ်ဦး က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာအုပ်စု၊ ကျောက်တင်ဆိပ်ကျေးရွာတွင် ဇန်န၀ါရီ(၂၉)ရက် ညနေ ၇ နာရီခန့်က ဒေါ်မပုမ နေအိမ်တွင်မွေးမြူ ထားသော ခွေးက ဒေါ်ထွေးထွေးရီ၏ သား အသက်(၆)နှစ် ကို ကိုက်သည်။

ယင်းခွေးကိုက်မှု ကြောင့် ဒေါ်ထွေးထွေးရီ၏ မောင်ဖြစ်သူ ဦးမောင်မြင့်စိုး အသက်(၃၅)နှစ်နှင့် ခွေးပိုင်ရှင် ဒေါ်မပုမသား မောင်အောင်ဇော်လင်း အသက်(၂၆)နှစ်တို့ စကားများရန်ဖြစ်ကြသည်။

စကားများ ရန်ဖြစ်ရာမှ အပြန်အလှန် ဓါးထိုးမှု ဖြစ်ပွား ရာ မောင်အောင်ဇော်လင်းမှာ ဘယ်ဘက် လည်မျိုတွင် ဓါးဒဏ်ရာ ရရှိခဲ့ပြီး ယင်းဒဏ်ရာဖြင့် ဆေးရုံးအရောက်တွင် သေဆုံးသွားခဲ့သည်။

ဓါးထိုးမှု ဖြစ်ပွားရာတွင် ပါဝင်သူ ဦးမောင်မြင့်စိုး (၃၅) နှစ်တွင် ၀ဲဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲဘက်နား တွင် ပြက်ရှ ဒဏ်ရာ တစ်ချက်၊ ၀ဲဘက်ပခုံးပွန်းပဲ့ ဒဏ်ရာတစ် ချက် ရရှိခဲ့သည်။

ယခု လူသေမှုနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့မ ရဲစခန်းမှူး ဒုရဲမှူး မိုးဇော်သူ ကတာဝန်ယူ စစ်ဆေး အရေး ယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment