
Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိန္ဒြာ က မေလ ၂၉ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ အ.ထ.က (၂) ပုဇွန်တောင် ကျောင်းရဲ့ မြို့နယ်လုံး ကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားမှာ ကျောင်းသူ ကျောင်းသား များအတွက် အလှူငွေနဲ့ ဗလာစာ အုပ်ဒါဇင် အစိတ်တို့ကို သွားရောက် လှူဒါန်းခဲ့ ပါ တယ်။ ဒီအလှူနဲ့ ပတ်သက်ပြီး သျှားထွဋ်အိန္ဒြာ က “ညီမ ငယ်ငယ်က ပညာရေးဘက်မှာ စာ အတော်ကြီး မဟုတ်ခဲ့ပါဘူး။ အဲဒီအတွက် ပညာ ရေး နဲ့ပတ်သက်ရင် ပညာ ပါရမီ အမြဲဖြည့်ပေး ချင်ခဲ့တာပါ။ ညီမကိုယ်တိုင် ကလည်း ကလေးတွေ အတွက် တတ်နိုင်တဲ့ဘက် က ပံ့ပိုးကူညီရတာ ဝါသနာပါတဲ့ အတွက် အခုလို လှူဖြစ်တာပါ။ ကိုယ့်နိုင်ငံမှာ ရှိတဲ့သူတွေ ကို ပညာတတ်ဖြစ်စေ ချင်တယ်။ ကလေးတွေက နောင်တစ်ချိန် မှာ သူရဲကောင်း တွေဖြစ်လာမှာ ဆိုတော့ သူတို့တွေ အတွက် ဖြည့်ဆည်း ပေးချင်တာပါ။ ကိုယ်တတ်နိုင် သလောက် ဖြည့်ဆည်း ခွင့်ရလို့ ဝမ်းသာပါတယ်။ ပြီးတော့ အခုခေတ်က ပညာရေး ဖွံ့ဖြိုးတိုး တက်တဲ့ခေတ် ဖြစ်သလို ကျောင်းပညာရေးပိုင်း မှာ ကျူ ရှင်တွေက အားကောင်းနေတော့ ကျောင်းဆရာမ တွေကလည်း ကျူရှင်တွေ နဲ့အပြိုင် ကျောင်းမှာ သင်နိုင်ဖို့ အရေးကြီးပါတယ်။ တချို့ ကလေးတွေက ကျူရှင် မတက်နိုင်ကြဘူးလေ။ အဲဒီ လို ကလေး တွေက ကျောင်းစာကိုပဲ အားကိုးနေ ရတာဖြစ်တဲ့ အတွက်ဆရာ၊ ဆရာမတွေက ကျောင်း ပညာရေးကိုပဲ အဓိက အလေးထားပြီး သင်စေချင် ပါတယ်” လို့ ပြောပါ တယ်။ သျှားထွဋ်အိန္ဒြာ က နယ်ဘက်က မိဘမဲ့ ကလေးသူ ငယ်များနဲ့ ချို့တဲ့ကလေး သူငယ် များကို ရှင်ပြု ပေးဖို့ အတွက် သူတို့ အဖွဲ့သား များ ကြိုး စား နေကြောင်း ပြောပါတယ်။
ဒီ အကြောင်းနဲ့ ပတ်သက် ပြီး သျှားထွဋ်အိန္ဒြာ က”ညီမတို့က ပရ ဟိတအဖွဲ့ရယ်လို့ ကြီးကြီး ကျယ်ကျယ် ကြီး ဖွဲ့မထားပါ ဘူး။ စိတ်ကူ ကိုယ်တူ ရှိတဲ့ ညီအစ် ကို မောင်နှ မတွေ နဲ့ လုပ်ကိုင် နေ တာပေါ့။ အခုလည်း ညီမ ပရိသတ်ထဲက အစ်မ တစ်ယောက်က နယ်က ဆင်းရဲချို့တဲ့ ကလေးတွေ ကို ရှင်ပြု ပေးရအောင် လို့ အကြံ ပေးတာ နဲ့ ညီမက လည်း ရှင်ပြုပွဲလုပ် ပေးချင်တဲ့ ဆန္ဒလေး ရှိတဲ့ အတွက် ဒီနှစ် ထဲမှာပဲ အလှူတစ်ခု လုပ်ပေးနိုင်အောင် ကြိုး စားနေပါတယ်” လို့ပြောပါတယ်။
Source:popularmyanmar.com
0 comments:
Post a Comment