ပိုပိုရဲ့ ဒုတိယတစ်ကိုယ်တော်အခွေနဲ့ပရိသတ်အသံ


မကြာသေးခင် ရက်ပိုင်းအတွင်းကမှ ” အလွမ်းသီချင်းကြိုက်တဲ့ရေဒီယို” တေးစီးရီးထွက်ရှိထားတဲ့ တေးသံရှင် ပိုပိုက ရန်ကုန်၊ မန္တလေးမှာ အမှတ်တရ လက်မှတ်ရေး ထိုးပွဲလုပ်ခဲ့ပြီး ပရိသတ်နဲ့တွေ့ဆုံခဲ့စဉ် ဘယ်လောက်အထိ စိတ်လှုပ်ရှားခဲ့ရလဲဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ” ပရိသတ်နဲ့တွေ့ရတော့မယ်ဆိုတော့ ရင်ခုန်ရတာပေါ့။ ကိုယ့်ကို အားပေးမယ့်ပရိသတ် ဘယ် လောက်တောင်ရှိမလဲဆိုတာ စိတ်လှုပ်ရှားမိပါတယ်။ တကယ့်ပွဲရောက်တော့ ပရိသတ်တွေအများကြီး လာရောက်အားပေးကြ တဲ့ အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်” လို့ ပိုပိုက ဆိုပါတယ်။ ပိုပို့အနေနဲ့ အဆိုပါလက်မှတ် ရေးထိုးပွဲမှာ တေးသီချင်းအဟောင်းတွေရော၊ အသစ်တွေပါသီဆိုခဲ့ပြီး အခွေေ တ်ာတော်များများလည်း ရောင်းရခဲ့ကြောင်း သိရပါတယ်။
” ပရိသတ်တွေ တော်တော်များများ အားပေးကြပါတယ်။ အခွေလည်း တော်တော်ရောင်းခဲ့ရတယ်။ ပရိသတ်ဆီက ပြန်ကြားရတာကတော့ ကျွန်မချစ်သူ၊ အလွမ်းသီချင်း၊ မချစ်ရင်၊ သူမအတွက် သီချင်းတွေကို ကြိုက်တယ်လို့ကြားရပါတယ်” လို့ ပိုပို ဆီကသိရပါတယ်။ ပရိသတ်အတွက် ဆက်လက်ကြိုးစားသွားမယ့် ပိုပိုက “အလွမ်းသီ ချင်းကြိုက်တဲ့ ရေဒီယို” တေးစီးရီးကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် အမှတ်တရစကားကို ” ချစ်ဖူးခဲ့သမျှအခွေကစလို့ ပရိသတ်တွေ အားပေးခဲ့ကြတဲ့အတွက် ပိုပိုဆိုတာဖြစ်လာတာပါ။ အခု ပိုပိုရဲ့ ဒုတိယအခွေကိုလည်း အားပေးကြ တဲ့ပရိသတ်တွေကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။ ဆက်လက်ပြီးလည်း အားပေးကြပါဦး” လို့ ပိုပို က ဆိုပါတယ်။ ပိုပိုရဲ့ “ချစ်ဖူးခဲ့သမျှ” ပထမတစ် ကိုယ်တော်အခွေကိုတော့  ၂ဝ၁၃ ခုနှစ်မှာ စီဒီထွက်ရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ်မှာတော့ ဗီစီဒီထွက် ရှိခဲ့ကာ  ဒုတိယအခွေ “အလွမ်းသီချင်း ကြိုက်တဲ့ ရေဒီယို” ကိုတော့ ၂ဝ၁၅ ခုနှစ် မေလက စီဒီထွက်ရှိခဲ့ပါတယ်။
မျိုးမောင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment