ရုပ်ရှင်ရုံထိသွားကြည့်ပြီးတော့မှ အပင်ပန်းခံ ထပ်ဝေဖန်နေမယ်ဆိုရင် မတန်ဘူး လို့ ပွင့်လင်းစွာ ပြောလာတဲ့ ယွန်းယွန်း


ဒါရိုက်တာဝိုင်းရဲ့ အောင်မြင်မှု အရှိန်အ၀ါကြီးမားခဲ့ရတဲ့ ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားဟာ မရိုက်ခင်ကတည်းက မင်းသမီး အပြောင်းအလဲ ဖြစ်ခဲ့တာကြောင့်ရော ၊ ဖေ့စ်ဘွတ်ခ်မှာပါ ဇာတ်ကားရဲ့လင့်ခ်တွေ ပြန့်သွားခဲ့တာကြောင့် လူတွေပိုပိုစိတ်ဝင်စားနေခဲ့ရတဲ့ ကားလေးပါ၊ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ယွန်းယွန်းကတော့ ဇာတ်ကားနဲ့  ပတ်သက်ပြီး 
"ဒီဇာတ်ကားကြီးရဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီး သမီး အရမ်းဝမ်းသာမိတယ်။ ပြီးတော့ စီနီယာတွေ အကုန်လုံးကလဲ အကောင်းဆုံးကြိုးစားခဲ့တဲ့အတွက် ကောင်းတဲ့ရလာဒ် ရလာတဲ့အခါမှာလဲ သူတို့အတွက် ၀မ်းသာပေးတယ်။ ဒါပေမဲ့ အခုလိုမျိုး youtube ကနေပြန့်သွားတဲ့အတွက် ထုတ်လုပ်သူဖက်ကနေ အများကြီး နစ်နာမှုတွေဖြစ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ပေးပါတယ်။ တင်တဲ့သူတွေကလဲ ဘယ်လိုရည်ရွယ်ချက်နဲ့တင်လိုက်လဲ မသိဘူးပေါ့နော်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပရိုဂျူဆာတွေ အတွက်ကို စိတ်မကောင်းဖြစ်ပေးတယ်။ ဖေ့စ်ဘွတ်ခ်ပ်ါက ပရိသတ်တွေပြောနေကြတာကိုတော့ သမီး တိုက်ရိုက်မသိဘူး။ သမီး ဖေ့စ်ဘုတ် မသုံးတော့ဘူး။ နှစ်ဆန်းတစ်ရက်နေ့ကတည်းက Deactivate လုပ်လိုက်ပြီဆိုတော့လေ။ ကျောင်းပညာရေးကြောင့် မသုံးတော့တာတော့ မဟုတ်ဘူး။ account အတုတွေက အရမ်းများလာပြီး အစစ်နဲ့အတုကိုမခွဲခြားနိုင်တော့တဲ့အခါကျတော့ သမီးအပေါ် အမြင်တွေလဲ စောင်းလာကြတယ်။ ပြီးတော့ ရေးတဲ့ Caption တွေကလဲ Like ပေးပါဦးတို့၊ အရင်လို ချစ်သေးလား လို့ အဲ့လိုဟာတွေကျတော့ အဆင်မပြေဘူး။ လိုက်ရှင်းပေမဲ့ မရဘူး။ အဲ့ဒါကြောင့် အခု မသုံးတော့ဘူးလို့ပြောလိုက်တော့ ရှင်းသွားတာပေါ့။ ပြီးတော့ ဖေ့စ်ဘုတ်မှာက ဘာမှမဟုတ်တာတွေနဲ့ပဲ များနေတယ်။ ပြီးတော့ ကိုယ့်အတွက် အကျိုးမရှိတာတွေပဲ News Feed မှာကလဲ ကိုယ့်အတွက် အကျိုးမရှိတာတွေပဲ များလာတဲ့အခါ သုံးရမှာကို ငြီးငွေ့သွားတယ်။ အဲ့ဒါကြောင့် ဖေ့စ်ဘုတ်မှာ သူတို့တွေပြောနေကြတယ်။ cmt တွေမျိုးစုံပေးတယ်။ review တွေတင်ပေးတယ် ဆိုတော့ ဒီကားအပေါ်မှာ စိတ်ဝင်စားမှုတော့ရှိတဲ့ သဘောပဲလေ။ အဲ့ဒီတော့ ဒီကားရဲ့ အောင်မြင်မှုက အရှိန်မကျသေးဘူးလေ။ အဲ့ဒီအတွက်လဲ Congratulation ပါ။"လို့ သူမက ဆိုသွားပါတယ်။
ပရိသတ်အချို့က အားပေးသလို ဝေဖန်ပုတ်ခတ်တာတွေလဲရှိနေတာကိုတော့ သူမက  "ဒါကရုပ်ရှင်ပါပဲ။ ရုပ်ရှင်ကိုမှ သဘာဝနဲ့အနီးစပ်ဆုံး သူတို့ကကြိုးစားကြတာပဲ။ ဒါပေမဲ့ သဘာဝနဲ့ နီးစပ်တိုင်းလဲ ရုပ်ရှင်ကကြွတာ မဟုတ်ဘူးလေ။ ပျင်းဖို့ကောင်းသွားနိုင်တယ်။ အဲ့ဒါကြောင့် ရုပ်ရှင်ဆန်ဆန်လေးတွေနဲ့ရိုက်ပြတာတွေလဲ ရှိတယ်။ အဲ့ဒါကို တချို့ ရုပ်ရှင်ကို ကြည့်နေကြသူတွေကတော့ ဒါကို နားလည်ပေးပြီးတော့မှ သူ့ရဲ့အားသာချက်တွေကို ချီးကျူးတတ်ကြတယ်ပေါ့။ ဒါပေမဲ့ တချို့ကျတော့လဲ သဘာဝနဲ့မနီးစပ်တာ တစ်ခုတည်းကို အပြစ်ဖွဲ့ပြီးပြောနေကြတယ်။ ဒီကားတစ်ကားကိုကြည့်ပြီး သူ့ရဲ့ကောင်းကွက်တွေကို ချီးကျူးတယ်။  နောက်ပြီး သဘောကျတယ်ဆိုရင် တော့ ကိုယ်သက်သာတာပေါ့။ မဟုတ်ပဲ ရုပ်ရှင်ရုံထိ အပင်ပန်းခံ သွားကြည့်ပြီးတော့မှ အပင်ပန်းခံပြီး ထပ်ဝေဖန်နေမယ်ဆိုရင်မတန်ဘူး။ ကိုယ်နစ်နာတာပေါ့"တဲ့။
သူမရဲ့ပညာရေးနဲ့ပတ်သက်ပြီး တော့  ဗိုလ်တစ်ထောင် ၄ မှာ ၁၀ တန်းတက်နေတဲ့ ယွန်းယွန်းဟာ " မြန်မာကျောင်းသူတစ်ယောက်ဖြစ်တဲ့အတွက် ၁၀တန်းကအရေးကြီးတယ်။ အဲ့ဒီအခါကျတော့ သမီးရဲ့ အတတ်နိုင်ဆုံး ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အတတ်နိုင်ဆုံးကြိုးစားမယ်။ ဖေဖေတို့၊ မေမေတို့ကလဲ ပံ့ပိုးပေးတယ်။ ဆရာ ၊ ဆရာမတွေကလဲ အများကြီးပံ့ပိုးပေးတဲ့အတွက် သမီးဖက်ကလဲ အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ။ ပညာရေးနဲ့ပတ်သက်ပြီး စိတ်ကူးယဉ်တာတွေက အများကြီးပါပဲ။ တစ်နှစ်နဲ့ တစ်နှစ်လဲပြောင်းသွားတယ်။ ဆယ်တန်းပြီးသွားရင်တော့ ဘယ်လိုခံစားချက်ဖြစ်ဦးမလဲတော့ မသိသေးပါဘူး။ အဓိကကတော့ အမှတ်များများနဲ့အောင်ဖို့ကိုပဲ  Target ထားထားပါတယ်။" လို့ပြောပြခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment