တောင်ကိုရီးယား နိုင်ငံမှာ မျက်ရည်ကျရတဲ့ အထိ ပီတိ ဖြစ်ခဲ့ရသူ ဇွန်သံစဉ်


တောင်ကိုရီးယား နိုင်ငံမှာ မေလ၂၃ရက်နေ့မှမေလ ၂၇ ရက်နေ့ အထိ ကျင်းပတဲ့ Luxury Brand Model Awards 2015  ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် လင်းနေ၊ ဇော်အောင်နဲ့ ဇွန်သံစဉ်တို့ ဝင်ရောက် ယှဉ်ပြိုင်ကြရာ Luxury Brand Model Awards 2015ဆု နဲ့  Winner Beauty Model Star  ဆုတို့ကို ဇွန်သံစဉ် က ဆွတ်ခူး သွား ခဲ့ပါတယ်။ ဒီပွဲက အနုပညာ ကျောင်း ဆင်းတွေသာ ဝင်ရောက် ယှဉ် ပြိုင်ရတဲ့ ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ အခုလို မြန်မာ နိုင်ငံရဲ့ ဂုဏ်ကိုဆောင်နိုင် ပြီး ဆုရရှိ တဲ့ ခံစားချက် နဲ့ပတ်သက်ပြီး ဇွန်သံစဉ်က “မြန်မာနိုင်ငံ အတွက် ဂုဏ် ဆောင်နိုင်လို့ တအားဂုဏ်ယူပြီး ပီတိ ဖြစ်ပါတယ်။ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်ခဲ့တဲ့အတွက် ရလဒ် ကောင်း လို့ ဝမ်းသာမိပါတယ်။ ဆရာ ဖြိုးပိုင် ဦးနဲ့ တီချယ်လှနုထွန်း ကလည်း သင် ကြား ဆုံးမပေးပါတယ်။ ဆုရတော့ မျက် ရည်ကျမိလို့ တော်တော်ထိန်းလိုက် ရ တယ်။ တီချယ်လှနုတောင် ဝမ်းသာ လွန်းလို့ မျက်ရည်ကျတယ်”လို့ အင်တာ နက်က တစ်ဆင့် ဖြေကြားခဲ့ပါတယ်။ ဇွန်သံစဉ် က မေလ ၃ဝ ရက်နေ့ ည ၁၁ နာရီ မှာ မြန် မာနိုင်ငံ သို့ ပြန် လည်ရောက်ရှိခဲ့ပါတယ်။
P-060
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment