မိုင်တိုင်အမှတ်(၂၁၄/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ဒေါက်တာ (၁)ဦး သေဆုံး


 အရှိန်မထိန်းနိုင်သောယာဉ် တံတားကို ကာရံထားသည့်အုတ်ခုံအား ဝင်ရောက်တိုက်မိတိမ်းမှောက်

နေပြည်တော်၊ ဇွန် ၂၄

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၂၁၄/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက် အရ ရန်ကုန်မှ မန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်နေ ရာဇာမင်း(၂၈)နှစ်မောင်းနှင်လာသော EE/×××× Toyota Fielder ခဲရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ်(၂၁၄/၄-၅)ကြားရှိ တံတားထိပ်တွင်ကာရံထားသည့်အုတ်ခုံအား ဝင်ရောက်တိုက်မိကာ လမ်းမပေါ်၌ ပက်လက်လန်တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက်နေ ဒေါက်တာ ကျော်မင်း(၅၈)နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ပြီး ယာဉ်မောင်း ရာဇာမင်းနှင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နေ ဦးဇင်တိုးလှိုင်(၄၂)နှစ်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင် ပေးခဲ့ကာ ရာဇာမင်းအား ပန်းတင်အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment