သတိချပ်စေမယ့် အဖြစ်အပျက် တစ်ခုလို့ ဆိုရပါမယ်။ ရုရှ စိန်ပီတာစဘတ်ခ်ျ က အမျိုးသားတစ်ဦးဟာ သူ့နေအိမ် တိုက်ခန်းပြတင်းပေါက်မှ ပစ္စည်းတွေ ပစ်ချနေတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ကို အကြောင်းကြားတော့ ယင်းအမျိုးသားဟာ အသုံးအဆောင် ပရိဘောဂ ပစ္စည်းတွေကို တကယ် ပစ်ထုတ်ထားတာ ရဲတပ်ဖွဲ့ တွေ့ရှိခဲ့ပါတယ်။ နောက်ပြီး သူ့ကိုယ်သူ ဘာကောင်းကျိုးမှ မပေးတဲ့ အရာတစ်ခု ထပ်လုပ်ခဲ့ပြန်ပါတယ်။
ရဲတပ်ဖွဲ့အဖမ်းခံရမှာ သိတဲ့ အသက် ၄၁ နှစ်ရှိသော ယင်းအမျိုးသားကို အခန်းထဲတွေ့ရှိခဲ့တယ်။ နောက်တော့ သူ့ကိုယ်သူ ညင်းပန်းနှိပ်စက်ခဲ့ပြီး သူ့ tablet မှန်ကွဲစနဲ့ ပလတ်စတစ် ကာဗာကို စားမယ်ပြုလုပ်ခဲ့ပါတယ်။
ပါးစပ်ထဲ အီလက်စရောနစ် ပစ္စည်းတွေ ထည့်တာ ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။
အဲဒီအခါမှာ ရဲအရာရှိက tablet ကို မစားဖို့ သူ့ကို တားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလူဟာ သတိလွတ်သွားပြီး ဆရာဝန်တွေရောက်မလာခင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဲဒီလူ သေဆုံးရခြင်းဟာ tablet စားခြင်းကြောင့် ဟုတ်မဟုတ်တော့ မသိရပါဘူး။ အသက်စေဆုံးစေတဲ့ ကိရိယာဟာ Adroid သို့မဟုတ် Apple လား ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
Ref: CNET
Source:trend.com.mm

0 comments:
Post a Comment