ပြောင်းလဲမှုတွေနဲ R ဇာနည်ရဲ့စီးရီးသစ်


R ဇာနည်က သူ့ရဲ့ကိုယ်ပိုင်သံစဉ် စီးရီးသစ်ကိုလည်း မကြာမီမှာထွက်ရှိတော့မှာဖြစ်ပါတယ်။ အဲဒီအခွေမှာ R ဇာနည်ရဲ့ပုံစံကို ဘယ်လိုပြောင်းလဲဦးမှာလဲလို့မေးတော့…
”ဒီအခွေကပထမဆုံးကိုယ်ပိုင်သံစဉ်အခွေ ဖြစ်တယ်။The Trees နဲ့တီးတယ်။ ကျွန်တော်တတ်သလောက်မှတ်သလောက်အားနဲ့ အကောင်းဆုံးလုပ်ထားပါတယ်။ ကျွန်ေ တ်ာရယ်၊ တီးဝိုင်းရယ်၊တေးရေးဆရာတွေရယ် အားလုံးပေါင်းပြီးလုပ်ထားကြပါတယ်။ ကျွန်တော်တို့ဆိုလည်း ကိုငှက်ကြီးတို့၊ ကိုစိုင်းထီးဆိုင်တို့ အရင်ပုံစံအ တိုင်းကြိုက် တာပဲ။ ခုထိလည်းကြိုက်တယ်။ ဒါပေမဲ့သူတို့သာ ခုချိန်ထိရှိနေဦးမယ်ဆို သူတို့လည်းပြောင်းလဲမှာပဲ။ အခုအချိန်မှာဖမ်းတဲ့ အသံဖမ်းစက်ကအစအရင်နဲ့ မတူတော့ဘူး။ အဲ ဒီအတွက်အနည်းနဲ့အများတော့ ပြောင်းလဲမှာပဲ။ တီးတဲ့ တူရိယာတွေလည်းပိုတိုးတက်လာပြီ။ ကိုငှက်ကြီးရှိရင်လည်း ဒီတူရိယာတွေနဲ့ဆန်းသစ်ဦးမှာ ပဲ။ ပြောချင် တာက အနည်းနဲ့အများတော့ခေတ်ကာလအရ ပြောင်းလဲမှုရှိ မှာပါ”လို့ ပြောပြပါတယ်။
ဆံပင်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနဲ့R ကြီးစတိုင်ဆိုပြီးသီးသန့်ရှိဖူးပါတယ်။ ဂီတလောကမှာ သက်တမ်းကြာလာတာနဲ့အမျှ ပရိသတ်တွေလည်းအမြင်ဆန်းစေဖို့Rဇာ နည်က သူ့ရဲ့ပုံစံကို မသိမသာပြောင်းလဲလာတာကိုလည်းသတိထားမိပါတယ်။ တီရှပ်ဘောင်းဘီတိုနဲ့ ဦးထုပ်ဆောင်းတဲ့ပုံစံက R ဇာနည် ရဲ့ ဖျော်ဖြေပွဲတော်တော် များများ မှာ တွေ့ရပါတယ်။ စင်မြင့်သီဆိုမှုမှာ လည်းအရင်ထက်ပိုမို လွတ်လပ် ပေါ့ပါးတဲ့ဖက်ရှင်မျိုးနဲ့တွေ့ရတာကြောင့် အခုလိုပြောင်းလဲမှုနဲ့ပတ်သက်ပြီး R ဇာနည် ကိုမေးတော့ ”လူဆိုတာ လွတ်လပ်ပျော်ရွှင်မှုကို ဘယ်သူမဆိုကြိုက်ပါတယ်။ အရင်တုန်းကလည်း အရင်တုန်းကပုံစံ၊ အဲဒီအချိန်အခါအဲဒီပုံစံကို ကြိုက်တယ်။ နှစ်တွေ လည်းပြောင်း လာ တယ်။ လူဆိုတာ တစ်နေရာတည်းမှာရပ်နေတယ်ဆိုတာမျိုးကရှားပါတယ်။ Music တွေပြောင်းလဲလာတယ်။ ဝတ်စားဆင်ယင်မှုတွေ ပြောင်းလဲလာတယ်။ ဒါတွေကို မမြင် ချင်လည်း မြင်ရတယ်၊ မကြားချင်လည်းကြားရတယ်။ ကျွန်တော်တစ်ယောက်တည်း ပြောင်းလဲတာတော့ မဟုတ်ဘူး။ ကမ္ဘာကြီးကလည်းပြောင်းလဲ သလို ပြောင်း လဲ မှု တော့ရှိတာပေါ့။ အခုလောလောဆယ်မှာတော့ဘောင်းဘီတိုနဲ့ ဦးထုပ် ဆောင်းရတဲ့ပုံစံလေးတွေကို သဘောကျနေတယ်။ အဲဒါ တော်တော်တော့ ကြာပါပြီ။ ၆ နှစ်လောက်ရှိပြီ။ ဘယ်လိုလဲဆိုတော့ လူငယ်တွေက ပေါ့ပေါ့ ပါးပါးနဲ့သွားကြလာကြတယ်။ Music ပေါ်မှာအခြေခံပြီး ဝတ်စားတာမျိုးထက် ပေါ့ပါးလွတ်လပ်စွာ ဝတ်စား တာကို အဲဒီအချိန်ကတည်းက သတိထားမိတယ်။ ကျွန်တော်က ရှပ်အင်္ကျီလည်း ကြိုက်တယ်။ တီရှပ်လည်း ကြိုက်တယ်။ ယောက်ျားလေးကဝတ်စရာဒါပဲရှိတာကိုး။ အဲဒါ ကိုမှပုံစံလေး နည်းနည်း ပြောင်းတဲ့သဘောပါ”လို့Rဇာနည်ကပြောပါတယ်။
ရဲရဲ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment