တစ်ဖက်နိုင်ငံသို့ သယ်ဆောင်မည့် မြွေမျိုးစုံဖမ်းဆီးရမိ


ဓါတ်ပုံ - အင်တာနက်
 နောင်ချို ဇူလိုင် ၂၈

 မူဆယ်-မန္တလေးကားလမ်း တစ်လျှောက်ရှိ စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ရွေ့လျားလှုပ်ရှား မှုအဖွဲ့ လရ(၁) ဌာနစုံ ပူးပေါင်း စစ်ဆေးရေး အဖွဲ့တို့သည် နောင်ချိုမြို့အဝင် အေးရှား ဝေါလ်တိုးဂိတ်အနီးတွင် အခြေပြုလျက် မူဆယ်ဘက်မှ မန္တလေးသို့ ဆင်းလာသည့်ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ မန္တလေးမှ မူဆယ်သို့ မောင်းနှင် လာသော ယာဉ်များအား စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။

ထိုသို့ စစ်ဆေးရာတွင် စစ်ဆေးရေးဂိတ်အနီး မြောက်ဘက်ရှောင်ကွင်းလမ်း တွင် တရားမဝင်အကောက်ခွန်မဲ့ ပစ္စည်းများ တင်ဆောင်ထားသော ယာဉ်များ ညဥ့်နက်ပိုင်းနှင့် နံနက်ပိုင်းတို့တွင် သွားလာနေကြောင်း သတင်းရရှိထားသဖြင့် စစ်ဆေးရေးအဖွဲ့တို့က သွားရောက်စစ်ဆေးကြရာ ရှောင်ကွင်းလမ်းတွင်မောင်း နှင်လာသည့် 5H/ ---- (ပါဂျဲရိုး) ဖြူ/စိမ်းရောင်ကိုတွေ့ရှိသဖြင့် ရပ်တန့် စစ်ဆေးစဉ် ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။ ယာဉ်ပေါ်ရှိ ပလတ်စတစ်ရောင်စုံခြင်း ၄၅ လုံးထဲမှ မြွေဟောက်၊ မြွေပွေး၊ လင်းမြွေအရွယ် အစားမျိုးစုံ အရှင် ၇၈ကောင်နှင့်မြွေများကိုသိမ်းဆည်းရမိသည်။

 သိမ်းဆည်း ရမိသောမြွေများကို မြို့နယ်သစ်တော ဦးစီးဌာနသို့ ဇူလိုင် ၂၇ ရက် မွန်းလွဲ ၁ နာရီက လွှဲပြောင်းပေးကြသည်။ နောင်ချိုစစ်ဆေးရေးဂိတ်မှ တရားမဝင် တမလန်းသစ်များ၊ ကျောက်စိမ်းတုံးများကို မကြာခဏ ဖမ်းဆီးရမိကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment