ပြောခဲ့တဲ့ စကားတွေက NLD ကိုစော်ကားတာမဟုတ်ပဲ အကယ်ဒမီ ဘုတ်အဖွဲ့ကိုသာ ပြောခြင်းဖြစ်ကြောင်း ခင်လှိုင်က ဖွင့်ဟ


၂၀၁၄ - ၂၀၁၅ အကယ်ဒမီပေးပွဲမှာ အောင်ဘာလေ ဇာတ်ကားနဲ့ပရိသတ်အများစုရဲ့ ခန့်မှန်း အကယ်ဒမီဇာတ်ပို့ဆုနဲ့လွဲချော်ခဲ့သူကတော့ ခင်လှိုင်ပဲဖြစ်ပါတယ်။ သူဟာ အကယ်ဒမီပေးပွဲ မတိုင်ခင်မှာ ပွဲခင်းထဲမှ ထပြန်သွားသလို သူလို့ အတိအကျခန့်မှန်းထားကြတဲ့ အနုပညာမောင်နှမများနဲ့ ပရိသတ်အများစုရဲ့ ၀မ်းနည်းမှုနဲ့စိတ်အလိုမကျမှုကလဲ ဖေ့စ်ဘုတ်လူမှုကွန်ယက်ပေါ်မှာ မြင်မကောင်းအောင် သတင်းမျိုးစုံနဲ့တက်လာပြန်ပါတယ်။ အကယ်ဒမီပေးပွဲအပြီး နောက်တစ်နေ့မှာ မီဒီယာနှစ်ခုကို ဖြေကြားထားတဲ့ အကယ်ဒမီ ဗီဒီယိုဖိုင်တွေနဲ့ပတ်သက်ပြီး ပရိသတ်ရဲ့ အမြင်မကြည်မှုနဲ့အထင်လွဲမှုနဲ့ပတ်သက်ပြီး ခင်လှိုင်က
"ဒါကတော့ လူတစ်ကိုယ်စိတ်တစ်မျိုးပေါ့နော်။ အားလုံးနဲ့ တူနိုင်ဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ့်လက်ကလေးကိုပြန်ကြည့်လေ။ အတိုအရှည် ညီသလားလို့။ ကြိုက်တဲ့သူရှိမယ်။ မကြိုက်ဘူးပြောတဲ့ သူရှိမယ်။ အဲ့ဒီရာခိုင်နှုန်းအပေါ်မှာလဲ ဘာမှခံစားစရာမလိုဘူး။ တုန့်ပြန်စရာ မလိုဘူး။ ပြောတဲ့ဆိုတာကတော့ ပြောကြမှာပဲ။ သူတို့နဲ့ဆန္ဒတစ်ထပ်တည်းမကျဘူး ဆိုရင်ပြောကြမှာပဲ။ အဲ့ဒီအပေါ်မှာ ကျွန်တော် ဘာမှမခံစားဘူး။ ကြိုက်သလိုပြောပါစေ။ အဲ့ဒီ Cmt တွေကို ဘာမှလဲ Reply မလုပ်ဘူး။ ကြိုက်သလို ထင်မြင်နိုင်တယ်။ ကျွန်တော် အဓိက ရင်ထဲကပြောချင်တဲ့စကားကိုပြောပြီးသွားပြီ။ ကြိုက်သလိုဝေဖန်နိုင်ပါတယ်။ သေချာတာတစ်ခုက ကျွန်တော် ဘယ်အဖွဲ့အစည်းတစ်ခုခုကိုမှစော်ကားတာမဟုတ်ပါဘူး။ ကျွန်တော်ပြောတာက ဆင်ဆာဘုတ်အဖွဲ့ကိုပြောတာပါ။ အကယ်ဒမီ ဘုတ်အဖွဲ့ကိုပြောတာပါ။ သူတို့တွေ ဒီပေတံနဲ့တိုင်းသလားဆိုပြီး မေးလိုက်တာပါ။ NLD ကိုလဲပြောတာ မဟုတ်သလို ကြံ့ခိုင်ရေးကိုလဲစော်ကားတာဟုတ်ပါဘူး။ ခင်လှိုင်ဘ၀မှာဘယ်သူ့မှလဲ မဖားခဲ့ဘူး။ ဘယ်သူ့ဖက်မှလဲ မရပ်တည်ခဲ့ဘူး။ ကိုယ့်ဘ၀နဲ့ကိုယ်ပဲနေခဲ့တာပါ။ ဘာလို့လဲဆိုတော့ နိုင်ငံရေးကို နားမလည်လို့ကိုယ်ဝင်မပါခဲ့တာ။ ကျွန်တော်ပြောချင်တာက ကိုဗေလုဝကိုလဲစော်ကားတာမဟုတ်ဘူး။ ရွေးချယ်ပေးတဲ့ ဘုတ်အဖွဲ့ကိုပဲ မေးတာ၊ ကျွန်တော် အဲ့ဒီပေတံနဲ့တိုင်းတာတာလားလို့ကျွန်တော်မေးတာ NLD ကိုစော်ကားတာမဟုတ်ဘူး။
NLD ကိုကြိုက်နေတဲ့ ပရိသတ်ကိုလဲ ကျွန်တော်စော်ကားတာ မဟုတ်ဘူး။ ကျွန်တော်ဖြေထားတဲ့အဖြေကို သေသေချာချာကြည့်ရင် ဘာကိုဆိုလိုတာလဲဆိုတာ သူတို့သဘောပေါက်ပါလိမ့်မယ်။ အဲ့ဒီအတွက်ကျွန်တော်ဘာကိုမှရှင်းပြစရာမလိုပါဘူး။ ကြိုက်သလိုဝေဖန်နိုင်ပါတယ်။ ကြိုက်သလိုလဲ ဆဲနိုင်ပါတယ်။ လွတ်လပ်စွာ ဆဲပိုင်ခွင့်ရှိပါတယ်။ ဖေ့စ်ဘုတ်ဆိုတာ ဆဲတဲ့နေရာပါ။ နောက်တစ်ခုက ကျွန်တော့အတွက် အကယ်ဒမီနဲ့ပတ်သက်ပြီး ဒီလောက်ကြီးမခံစားရဘူး။ အဓိကက ကျွန်တော့်မိန်းမ၊ ကျွန်တော့်မိသားစု၊ ကလေးတွေ အပါအ၀င်ပေါ့။ သူတို့မျှော်လင့်တဲ့အတိုင်းဖြစ်မလာတော့ စိတ်မကောင်းဖြစ်ကြတယ်။ ကလေးတွေအတွက်တော့ စိတ်မကောင်းဘူး။ နောက်မြန်မာတစ်နိုင်ငံလုံးက အားပေးနေကြတဲ့ ပရိသတ်တွေ၊ နိုင်ငံတကာမှာရောက်နေကြတဲ့ မြန်မာပရိသတ်တွေ၊ ကျွန်တော့်ဖေ့စ်ဘုတ်မှာရှိနေတဲ့ ကျွန်တော့်ရဲ့ အသိမိတ်ဆွေတွေသူတို့အားလုံးအတွက်ကျွန်တော်တာဝန်မကျေသလို ခံစားရတယ်။ သူတို့ပေးတဲ့အရုပ်တွေကကျွန်တော်ပွဲမစခင် ကနေပွဲပြီးတဲ့ အချိန်ထိ အိမ်မှာရော ကျွန်တော့ရင်ထဲမှာရော အပြည့်ပါ။ အဲ့ဒီအတွက်ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေရဲ့ကျွန်တော့်အပေါ်ထားတဲ့ စေတနာကိုနားလည်ပါတယ်။ အကယ်ဒမီပေးပွဲနဲ့ပတ်သက်တဲ့အမြင်ကိုတော့ မပြောချင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပြောစရာမလိုအောင်ပဲ ပရိသတ်တွေ အကုန်လုံးသိပြီးသားဆိုတော့ ကိုယ်သိပ်ပြီးကွန့်ပြီးပြောစရာမလိုတော့ဘူး။ စေတနာ မမှန်ရင်တော့လွဲနေဦးမှာပဲ"တဲ့။
ခင်လှိုင်ဟာ လက်ရှိမှာ အာကေဆိုတဲ့ ဗီဒီယိုကားကို ဒါရိုက်တာဦးဗေဒါ ၊ ချစ်တိုး ၊ သင်ဇာဝင့်ကျော်တို့နဲ့အတူရိုက်ကူးနေပြီး ၂၀၁၆ သင်္ကြန်ကိုတော့ နေပြည်တော် Hotel Ace မဏ္ဍပ်မှာရှိမှာပါ လို့ပြောပြပေးခဲ့ပါတယ်။
Trend Myanmar
trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment