![]() |
| (ကိုမန် မုန်တိုင်း ၀င်ရောက်နေသော လမ်းကြောင်းကို တွေ့ရစဉ်/ ဓာတ်ပုံ- The Independent) |
ဘင်္ဂလာပင်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန် ‘ ကိုမန်’ သည် ယနေ့ ညနေပိုင်းတွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်း ကုန်းတွင်းပိုင်းကို ၀င်ရောက် ဖြတ်ကျော်နိုင်သည်ဟု ဘင်္ဂလာဒေ့ရှ်မှ The Independent အွင်လိုင်း သတင်းတွင် ဖော်ပြသည်။
ကိုမန် ဆိုင်ကလုန် မုန်တိုင်းသည် ကုန်းတွင်းပိုင်း ၀င်ရောက်စဉ် တစ်နာရီ ၉၀ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နိုင်သည်ဟု ယင်းသတင်းစာက ဖော်ပြသည်။
သို့သော် မုန်တိုင်းနှင့် အတူ မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် ကုန်းတွင်းပိုင်းသို့ ၀င်ရောက်စဉ် အားပျော့ ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းထားသည်ဟု ဆိုသည်။
ယနေ့ နံနက် ၉ နာရီ တိုင်းထွာချက်အရ ယင်းမုန်တိုင်းမှာ စစ်တကောင်းမြို့ အနောက်တောင်ဘက် ၆၅ ကီလိုမီတာ အကွာတွင် တည်ရှိနေပြီး ကော့စ်ဘဇားမြို့ အနောက်မြောက်ဘက် ၈၀ ကီလိုမီတာ အကွာတွင် တည်ရှိနေသည်ဟု ဆိုသည်။
Arakan State
https://www.facebook.com/NarinjaraNews

0 comments:
Post a Comment