သမ္မတကိုဆန္ဒပြသူ ကိုဝင်းလှိုင်အား တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်


ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ သာယာဝတီတရားရုံးရှေ့တွင် လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲမှုနှင့် ပတ်သက်၍ သမ္မတအား ဆန္ဒဖော်ထုတ်ခဲ့သူ ကိုဝင်းလှိုင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက် ကြောင်း သာယာဝတီမြို့နယ် တရားရုံးမှ သိရသည်။

အဆိုပါဆန္ဒဖော်ထုတ်သူအား မေလ ၂၅ ရက်နေ့တွင် သာယာဝတီရဲ တပ်ဖွဲ့က နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ပြီး အကျိုးဆောင်ရှေ့နေမရှိဘဲ ကိုယ်တိုင်လျှောက်လဲချက်ဖြင့် ရုံးချိန်း ၅ ကြိမ် ရင်ဆိုင်ခဲ့ပြီးနောက် ဇူလိုင်လ ၁ ရက်နေ့က ယင်းကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုမရှိဘူးလို့ ပြောချင်တယ်။ ဖွဲ့စည်းပုံအခြေခံအရ ဆန္ဒပြတယ်။ သမ္မတကို ဆန္ဒပြတဲ့ ဒီမိုကရေစီနိုင်ငံထဲမှာ ထောင်ချတာ မြန်မာနိုင်ငံပဲရှိမယ်ဆိုတာ ထင်ရှားနေတယ်။ ဦးသိန်းစိန်အစိုးရ၊ နောက်တက်လာမယ့် အစိုးရ ဒီမိုကရေစီရဖို့ စိတ်မချရသေးဘူး။ ဒီနေ့အမိန့်ချမှုသည် ဥပဒေအထက်မှာ ဦးသိန်းစိန်အစိုးရရှိနေတယ်ဆိုတာကို ပြတာပဲဗျ”ဟု ထောင်ဒဏ်ချမှတ်ခံရသူ ကိုဝင်းလှိုင်က ပြောသည်။

ပြည်မြို့ဒေသခံ တစ်ဦးဖြစ်သူ ကိုဝင်းလှိုင်သည် ၂၀၁၃ မတ်လအတွင်းက လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒဖော် ထုတ်မှုတွင် ပုဒ်မ ၁၈ ဖြင့် ပထမအကြိမ် ထောင်ဒဏ် ၃ လ ချမှတ်ခံခဲ့ရပြီး ၂၀၁၄ သြဂုတ်လတွင် ဆိုင်ကယ်စီးသူများ ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်းကြောင့် ဒဏ်ငွေဆောင်ခိုင်းရာတွင် တရားရုံးနှင့် အခြားနေရာတွင်ပါ စီမံဒဏ်ပေးဆောင်ရခြင်းအပေါ် မကျေနပ်၍ ဆန္ဒဖော်ထုတ်သဖြင့် ဒုတိယအကြိမ် ထောင်ဒဏ်သုံးလ ထပ်မံချမှတ်ခြင်းခံခဲ့ရသည်။

MMK

The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment