
မေး- မဖြူအနေနဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ “နာမည်ကျန်နေရစ်မယ်” စီးရီးပေါ့။ ဒီစီးရီးမှာတော့ မော်ဒန်ရော့ခ်ဘက်ကို ရောက်တဲ့ ပုံစံတွေတွေ့ရတယ်။ ဒီအခွေ ဖန် တီးဖြစ်ပုံကို ပြောပေးပါဦး။
ဖြေ- ဒီအခွေကို စတည်ပြီ၊လုပ်ပြီဆိုတဲ့အချိန်မှာ ဒီ Music Pattern ဘက်ကို သွားချင်နေတဲ့အချိန်၊ အဲဒါထက်ပိုအရေးကြီးတာက The Scare Rock Band က ဒီတစ်ခွေလုံးကို ဖန်တီးရေးသားတယ်။ တီးခတ်တယ်။ သူတို့စပြီးလာပြတဲ့အချိန်မှာ ဒီသီချင်းတွေကပေးချင်တဲ့အကြောင်းအရာ မက်ဆေ့ခ်ျက သိပ်ပြီးစိတ်ဝင်စားစ ရာေ ကာင်းတယ်။ ပြောရရင်တော့ အနုပညာကောင်းတယ်ပေါ့။ အဲဒီအတွက် ဒီအသစ်တွေနဲ့လက်တွဲဖို့ ဆုံးဖြတ်ခဲ့တယ်။ သိကြတဲ့အတိုင်း ဒီမှာက အသစ်တစ်ခုလုပ် ဖို့ဆို ရင် စဉ်းစားရတယ်။ ပရိသတ်ကလည်း အသစ်ကိုမျှော်လင့်တောင့်တတယ်ဆိုပေမယ့် စစချင်းသွတ်သွင်းရတာဆိုတော့ ခက်တယ်။ ဒီမှာက တစ်ခွေလုံးကအသစ်ပဲ။ ဒီအခွေလုပ်တုန်းက စွန့်စားမှုတော့ ကြီးပါတယ်။ ဘာဖြစ်မယ်မှန်းမသိဘူး။ အသစ်တွေချည်းလုပ်ခဲ့တယ်။ ဘာကိုပဲယုံကြည်ပြီးလုပ်ခဲ့လဲဆိုရင် သီချင်းမှာရှိနေတဲ့ အနုပ ညာတန်ဖိုးနဲ့ ပေးချင်တဲ့အကြောင်းအရာတွေအတွက်ပဲ လုပ်ခဲ့တယ်။ ဒီလိုလုပ်ပြီးသွားတဲ့အခါမှာလည်း ပရိသတ်က လက်ခံအားပေးပြီး ဘဝအတွက်လည်း ခွန်အားေ တွဖြစ်တယ်ဆိုတော့ ဒီအခွေအတွက် စွန့်စားရ ကျိုးနပ်ပါတယ်။
မေး- အမြဲတမ်းလူဟောင်းတွေနဲ့ လက်တွဲနေကျ ဖြူဖြူကျော်သိန်းက အခုလို လူသစ်တွေနဲ့လက်တွဲတဲ့အခါမှာ ဘယ်လိုစိတ်ခံစားမှုနဲ့ လက်တွဲဖြစ်ခဲ့လဲ။
ဖြေ- ဖြူဖြူက လူတစ်ယောက်ကိုတွေ့ရင် အရင်ဆုံးမြင်တာ အနုပညာပဲ။ တခြား ဘယ်ပေါ်မှာမှကန့်သတ်ချက်မရှိဘူး။ အနုပညာကောင်းရင် မချီးကျူးဘဲမနေနိုင်ဘူး။ ဒါ ကိုယ့်ရဲ့စိတ်။ အဲဒါကိုပိုပြီး အရောင်တင်ပေးလိုက်တာက Iron Cross ။ လွန်ခဲ့တဲ့ ၁၂နှစ်ကျော်တုန်းက ဖြူဖြူကျော်သိန်းဆိုတဲ့ ကောင်မလေးတစ်ယောက် ဒီလောက ထဲရောက်လာတယ်ဆိုတာ IC က စင်တင်ပေးခဲ့တာ။ IC ရဲ့ ပထမဆုံးအမျိုးသမီး အဆိုတော်အနေနဲ့ ဒီလောကထဲကိုရောက်လာတယ်။ အဲဒီအချိန် IC ကအစ် ကိုတွေက ဖြူဖြူ ဘာဆက်လုပ်မယ် သိတာမဟုတ်ဘူး။ ဒီကောင်မလေး အသံကောင်းတယ်ဆိုတာ တစ်ခုနဲ့ တင်ပေးခဲ့တာ။ သူတို့တင် ပေးပြီးနောက်မှာ ဘာမှဆက် မလုပ်ဘဲ ထွက်သွားနိုင်သလို မလိမ်မိုးမလိမ်မာနဲ့ ကျေးဇူးကန်းတာမျိုးလည်း ဖြစ်နိုင်တာ ပဲ။ မြေတောင်မြှောက်ပေးတာကို အယူမတတ်ဘဲနဲ့ အလွဲလွဲ အမှားမှား လည်း ဖြစ်နေနိုင်သေးတာပဲ ဒါပေမဲ့ သူတို့ ဒါတွေထည့်မတွက်ခဲ့ဘူး။ အနုပညာအရည်အသွေးတစ်ခုကို ကြည့်ပြီး တင်ပေးခဲ့တာ။ ကိုယ်ကလည်း ဒါကို ကိုယ့်အစ် ကိုတွေ ဆီကနေ သင်ယူခဲ့တယ်။ အဲဒီအတွက် အနုပညာကို ကြည့်ပြီးပဲ လက်တွဲဖြစ်တယ်။
မေး- ဒီအခွေမှာ ထူးခြားတာက အခွေကာဗာမှာ ဖြူဖြူကျော်သိန်း၊ နာမည်ကျန်နေရစ်မယ်၊ The Scare Rock Band ဒီနာမည်၃ခုကိုပဲ တွေ့ရတယ်။ ရေး၊ဆို၊တီး စသဖြင့် ဒီလိုခွဲထားတာ မတွေ့ရဘူး။ အဲဒါဘာကြောင့်လဲ။
ဖြေ- အဲဒါကိုက ဒီအခွေရဲ့ ထူးခြားမှုဖြစ်တယ်။ ဒီအခွေမှာ အဓိကလူတွေကို မြင်စေချင်တာ အဲဒီစာ ၃ ကြောင်းပဲ။ အကြီးကြီး Credit ပေးချင်တာ ဒီ ၃ ခုပဲ။ ဖြူဖြူတို့က အ ဆိုတော်ညီမျှခြင်း ဖြူဖြူကျော်သိန်း၊ နာမည်ညီမျှခြင်းဘာ၊ ဒရမ်ညီမျှခြင်းဘာ အဲဒီလိုထည့်ရမလား။ ဒီအခွေ မှာအဓိက Credit ပေးရမှာကိုက ဖြူဖြူကျော်သိန်းရဲ့အခွေ၊ နာမည်က နာမည်ကျန်နေရစ်မယ်။ တစ်ခွေလုံးကို ရေးသားတီးခတ် ဖန်တီးထားတာ The Scare Rock Band က ဖန်တီးတာ။ ဖန်တီးဆိုတဲ့စကားထဲမှာ ရေးသားတီးခတ် အားလုံးပါတယ်။ တခြားထပ်ပြောစရာ မလိုတော့ဘူး။ ဒါကြောင့် ဒီ ၃ခု ကိုပဲ အကြီးကြီး Credit ပေးထားခဲ့တယ်။
မေး- မဖြူ အစကပြောခဲ့သလို IC က တင်ပေးခဲ့ပြီး နောက်ပိုင်းမှာ အောင်မြင်မှုနဲ့ ရပ်တည်နေတဲ့ ဖြူဖြူကျော်သိန်း ဖြစ်လာအောင် ပံ့ပိုးပေးတဲ့အရာတွေထဲမှာ ဘယ်လို အကြောင်းအချက်တွေပါမလဲ။ ပရိသတ်ကကော ဖြူဖြူကျော်သိန်းဘဝမှာ ဘယ်လောက်အရေးကြီးလဲ။
ဖြေ- အများကြီးရှိတာပေါ့။ နာမည်တစ်ခုနှစ်ခု ထုတ်ပြောလို့ တခြားသူတွေကို ဘက်လိုက်ရာကျမယ်။ ဒီအင်တာဗျူးကနေ ပြောချင်တာက ဖြူဖြူတို့ ဖန်တီးသမျှ၊ သီဆို သမျှသီချင်းတွေ၊ အနုပညာတွေ အားလုံးအတွက် ဘက်အဘက်က ဝိုင်းဝိန်းကူညီသူတွေ အားလုံးရဲ့ ပံ့ပိုးမှုတွေ ပါပါတယ်။ ကိုယ့် ကို ဒီနေ့ထိလက်ခံအားပေးနေတဲ့ ပရိ သတ်တွေ၊ အသစ်ထပ်မံ ပေါ်ထွက်လာတဲ့ ပရိသတ်တွေ၊ ဒါတွေက တကယ်ကျေးဇူးတင်ရမယ့်သူတွေပါ။ နောက်ပြီး မီဒီယာတွေလည်း ပါတယ်။ ကိုယ့်ရဲ့ အနုပညာဘဝမှာ ဒါကိုဆက်ပြီး ရပ်တည်နိုင်အောင် ပံ့ပိုးပေးတာမှန်သမျှသည် အရေးထားရမယ့် အရာတွေပါပဲ။ ပရိသတ်ရဲ့ အားကလည်း တအားအရေးပါပါတယ်။ နောက်ထပ်တစ်မိနစ် ဆက်အသက်ရှင်ဖို့အတွက်ကို ခွန်အားဖြစ်စေတယ်။ ဒီညအိပ်ပြီးသွားရင် နောက်တစ်နေ့ မနက်နိုးရမယ်။ အသက် ရှင်ရမယ်။ ငါနောက်ထပ် ဘာတွေဆက်လုပ်မှာ လဲ။ ခေါင်းထဲရှိနေတဲ့ အိုင်ဒီယာတွေအကုန်လုံးက ငါ့ကို အားပေးနေတဲ့ သူတွေအများကြီး ရှိတယ်ဆိုတဲ့အချက်က ကိုယ့်ကို ဆက်ပြီးအသက်ရှူစေတဲ့ အဓိက အကြောင်း အချက်ပဲ။ ဆက်ပြီးတော့ ရပ်တည်နေချင်တဲ့ စိတ်ဆန္ဒရဲ့ အဓိက မောင်းနှင်အားပဲ။ ငါနောက်ထပ် ဘာလုပ်မလဲဆိုတာ စောင့်နေတဲ့ ပရိသတ်တွေရှိ တယ်ဆို တာ က ဖြူဖြူ့ ကိုဆက်ပြီး မျှော်လင့်ချက်တွေနဲ့ အသက်ရှင်သန်စေပါတယ်။
ရဲရဲ
Source:popularmyanmar.com
0 comments:
Post a Comment