ဦးအောင်သောင်း ဈာပန တနင်္လာနေ့ပြုလုပ်မယ်


 ဇူလိုင်လ ၂၃ ရက် နေ့ မနက်က စင်ကာပူ နိုင်ငံမှာ ကွယ်လွန် သွားခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းရဲ့ ဈာပနကို ဇူလိုင် ၂၇ ရက် တနင်္လာနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

အဲဒီနေ့ မနက်ပိုင်း မီးသဂြိုဟ် ပြီးတဲ့ အခါ အရိုးကို တောင်သာ မြို့နယ် ကျောက်ကာရွာကို သယ်ယူသွားပြီး လွန်ခဲ့တဲ့ ၂ နှစ်က ကွယ်လွန်ခဲ့တဲ့ ဦးအောင်သောင်း ဇနီးရဲ့ အုတ်ဂူ နံဘေးမှာပဲ ဂူသွင်း မယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဦးနှောက် သွေးကြောပေါက်တဲ့ ရောဂါကြောင့် စင်ကာပူနိုင်ငံမှာ သွားရောက် ဆေးကုသခံယူရင်း ကွယ်လွန်သွားခဲ့တဲ့ ဦးအောင်သောင်းရဲ့ အလောင်းကို မြန်မာ နိုင်ငံဆီ ပြန်လည် သယ်ဆောင်ဖို့ စီစဉ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ ညသန်းခေါင်ချိန်အနီးမှာ ဦးနှောက်သွေးကြောပေါက်တဲ့ အတွက် ဦးအောက်သောင်းဟာ နေပြည်တော် ဆေးရုံမှာ တက်ရောက် ကုသမှုခံယူခဲ့ပြီး နောက်တနေ့မှာ စင်္ကာပူ ဆေးရုံကို အထူး လေယာဉ်နဲ့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ဆေးကုသမှု ခံယူစဉ် ကာလ အတွင်း တစ်ကြိမ်တော့ သတိ ပြန်လည်လာခဲ့သေးပေမဲ့ စကားတော့ မပြောနိုင်ခဲ့ဘူးလို့ စောစောက ပြောတဲ့ မိသားစုနဲ့ နီးစပ်သူကပဲ ပြောပါတယ်။

ဦးအောင်သောင်းဟာ န၀တ အစိုးရလက်ထက်မှာ စက်မူ(၁) ၀န်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ရင်းနှီးသူဖြစ်သလို သြဇာကြီးမားတဲ့ ၀န်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးချယ်ခံပြီး အနိုင်ရရှိခဲ့ပါတယ်။

ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး လာမယ့် ဒီဇင်ဘာလမှာ အသက် ၇၅ နှစ် ပြည့်မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment