NO ကို ထောက်ခံတဲ့ ဂရိပြည်သူတွေ အောင်ပွဲခံစဉ် (Credit: Reuters) |
ဂရိနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ဆန္ဒခံယူပွဲအတွင်း ဂရိပြည်သူ ၆၀% လောက်က အသုံးစရိတ် မလျှော့ချဖို့ မဲပေးခဲ့ကြပြီး တစ်ရက်အကြာမှာပဲ ငွေရေး ကြေးရေး ဝန်ကြီးက အခုလို ကြေညာခဲ့တာပါ။
ငွေရေး ကြေးရေး ဝန်ကြီးကတော့ ဂရိ ဝန်ကြီးချုပ်က သူ့ရဲ့ အကူအညီမလိုဘူးလို့ ယူဆတဲ့အတွက် အခုလို နှုတ်ထွက်တာလို့ ပြောဆိုလိုက်ပါတယ်။
ဂရိအစိုးရကတော့ ဂရိပြည်သူတွေရဲ့ လိုလားချက်က အကြွေးရှင်တွေနဲ့ ဆွေးနွေးမှုတွေမှာ အင်အားတွေ ဖြစ်စေမယ်လို့ ပြောပါတယ်။
အကြွေးရှင်တွေက ဂရိကို အသုံးစရိတ်လျှော့ချဖို့ ပြောဆိုထားတာ ဖြစ်ပေမယ့် ဂရိပြည်သူတွေရဲ့ ဆန္ဒကို အသိအမှတ် ပြုတယ်လို့ ပြောလိုက်ပါတယ်။
ဒါပေမဲ့ ဂရိအနေနဲ့ ဘယ်လို ဆက်သွားရမလဲ ဆိုတာ လမ်းစ မရှိသေးသလို အကြွေးရှင်တွေက မကယ်တင်ရင် လာမယ့် ရက်ပိုင်းအတွင်း ဂရိနိုင်ငံမှာ ပိုက်ဆံတွေ ကျန်မှာ မဟုတ်သလို ဥရောပ သမဂ္ဂ အဖွဲ့ဝင်အဖြစ်ကပါ ထုတ်ပယ်ခံရနိုင်ပါတယ်။
အင်္ဂါနေ့ကျရင် ဂရိနိုင်ငံရဲ့ အကြွေးကိစ္စကို ဥရောပ ခေါင်းဆောင်တွေ ထပ်မံ ဆွေးနွေးကြဖို့ ရှိနေပါတယ်။
ဂရိနိုင်ငံမှာ ဖြစ်နေတဲ့ ဂယက်က သြစတြေးလျကိုလည်း ထိခိုက်နေပြီး ၆ နှစ်အတွင်း သြစတြေးလျ ဒေါ်လာဈေးနှုန်း အနိမ့်ဆုံး အဆင့် ရောက်ရှိခဲ့ရပါတယ်။ စီးပွားရေး ပညာရှင်တွေကတော့ ဂရိရဲ့ စီးပွားရေး ကျဆင်းမှုက သြစတြေးလျ အပေါ် ထိခိုက်မှု ဖြစ်နိုင်ပေမယ့် တရုတ်ဈေးကွက်က ပိုပြီး ထိခိုက်နိုင်တဲ့အတွက် အာရှ ဈေးကွက်ကို ပိုမို စောင့်ကြည့်သင့်တယ်လို့ ပြောဆိုထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment