မားစ်ရောဂါကို ဖိလစ်ပိုင် လေဆိပ် အမှုထမ်းတွေ စမ်းသပ် စစ်ဆေးစဉ် (Credit: Reuters) |
ဒါဟာ ဖိလစ်ပိုင်နိုင်ငံအတွက် ဒုတိယမြောက် မားစ်ရောဂါ ဝေဒနာသည် ဖြစ်ပါတယ်။
ဒူဘိုင်းကနေ ရောက်လာတဲ့ အသက် ၃၆ နှစ်အရွယ် နိုင်ငံခြားသား တစ်ယောက်မှာ မားစ်ရောဂါ ရှိကြောင်းကို တွေ့ခဲ့ရတာ ဖြစ်ပြီး အခုဆိုရင် အဲဒီလူကို ဆေးရုံတင်ပြီး အနီးကပ် စောင့်ကြည့်နေကြပါတယ်။
အဲဒီလူက ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့သလဲ ဆိုတာကို စုံစမ်းနေပြီး ကူးစက်မှုတွေ ထပ်မဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အဲဒီလူရဲ့ အခြေအနေက တိုးတက် ကောင်းမွန်လာသလို တခြားလူတွေကို ကူးစက်တဲ့ လက္ခာဏာမျိုး မတွေ့ရဘူးလို့လည်း ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
အရင်လတုန်းကလည်း ထိုင်းနိုင်ငံက စီးပွားရေးသမား တစ်ယောက်ဟာ မားစ်ရောဂါ ခံစားနေရကြောင်း တရားဝင် ပြောဆိုလာပါတယ်။
ဖိလစ်ပိုင်နိုင်ငံအပါအဝင် အခုဆိုရင် မားစ်ရောဂါ ကူးစက်ခံရတဲ့ အာရှနိုင်ငံ ငါးနိုင်ငံ ရှိသွားပြီ ဖြစ်ပါတယ်။
မားစ်ရောဂါဟာ အရှေ့အလယ်ပိုင်းဒေသမှာ စတင်တဲ့ ရောဂါဖြစ်ပြီး ကုလားအုပ်ကနေ လူကို ကူးစက်တဲ့ ရောဂါ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment