ရွှေလီဦး ယာဉ်တိမ်းမှောက်မှု သေဆုံးသူ ၉ ဦးအထိ တိုးလာ


  ၂၀၁၅-ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ ညနေ(၆း၀၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၅/၁ နှင့် ၁၀၅/၂ ကြား ရန်ကုန်မှ နေပြည်တော်သို့ (အသွားလမ်း)၌ ဦးသန့်ဇော်ထွန်း၊ (ဘ)ဦးတင်ထွန်း၊ အသက်(၄၀)နှစ်၊ လားရှိုးမြို့နေသူ မောင်းနှင်လာသော ရန်ကုန်-လားရှိုး "ရွှေလီဦး" ခရီးသည်တင်မှန်လုံယာဉ်၊ ယာဉ်အမှတ် 4D-3075 မှာ မိုင်တိုင်အမှတ် ၁၀၅/၀ နေရာမှ စတင်ကာ ယာဉ်၏ထိန်းချုပ်မှုစနစ် တစ်ခုခုချို့ယွင်း၍သော်လည်းကောင်း၊ ယာဉ်မောင်းသတိလက်လွတ်ဖြစ်၍သော်လည်းကောင်း၊ ရုတ်တရက်အရှိန်မထိန်းနိုင်၍သော်လည်းကောင်း လမ်းလယ်ကျွန်းပေါ်တွင် တောက်လျှောက်မောင်းသွားပြီး မိုင်တိုင်အမှတ် ၁၀၅/၂ နေရာအရောက်တွင် Manhole အား တိုက်မိကာ (၃)ပတ်ခန့်လိမ့်ပြီး ပက်လက်လန်တိမ်းမှောက်သည့် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။


  ယာဉ်တိုက်မှုကြောင့် ရွှေလီဦး ခရီးသည်တင်မှန်လုံယာဉ်ပေါ်တွင်ပါရှိသူ ယာဉ်မောင်းအပါ အမျိုးသား(၂၀)ဦး၊ အမျိုးသမီး(၁၅)ဦး ပါရှိပြီး အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၅)ဦးအနက် (၇)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ပါသည်။ အမျိုးသား(၁၅)ဦးနှင့် အမျိုးသမီး(၁၀)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား(၃)ဦး၏ ဒဏ်ရာမှာ (စိုးရိမ်ရ)ဖြစ်ပါသည်။ ဒဏ်ရာရ လူနာများအား ဖြူးမြို့၊ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျှက်ရှိပါသည်။


  အဆိုပါဖြစ်စဉ်တွင် 4D/3075 ရွှေလီဦး ခရီးသည်တင်မှန်လုံယာဉ်မှာ ရှေ့/နောက်/၀ဲ/ယာ လေကာမှန်ကွဲ၊ အမိုးပိန်ချိုင့်၊ ရှေ့ဘန်ဘာပျက်စီး၊ ကိုယ်ထည်ဝဲဘက်ခြမ်းပိန်ချိုင့် ပျက်စီးသွားခဲ့ပြီး အမြန်လမ်းမကြီးမှာ လမ်းလယ်ကျွန်းရေမြောင်း (၆၀)ပေ၊ Road Curb (၆၀)တုံးနှင့် Manhole (၁)ခု ပျက်စီးသွားခဲ့ပါကြောင်းနှင့် ၎င်းဖြစ်စဉ်အား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။

Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment