ဆိုင်ကယ်စီး ထိုင်းမောင်နှမ မိုးကြိုးပစ်ခံရ အစ်မဖြစ်သူပွဲခြင်းပြီးသေဆုံး


ဓါတ်ပုံ- ထိုင်းတီဝီတွင် ထုတ်လွင့်ပြသသော ဆိုင်ကယ် မိုးကြိုးပစ်ခံရ သည့်နေရာ
 ဩဂတ်စ်လ ၄ ရက် ၂၀၁၅

 ထိုင်းနိုင်ငံ ပထုမ်ဌာနီခရိုင်အတွင်း ဩဂတ်စ်လ ၃ ရက်နေ့ နေ့ခင်းပိုင်းက ဆိုင်ကယ် အတူစီးနင်းသည့် မောင်နှမ ၂ ဦးနှင့် တူလေးတဦးအား မိုးကြိုးပစ်ရာ အစ်မ ဖြစ် သူမှာ သေဆုံးပြီး မောင်ဖြစ်သူမှာ ဒဏ်ရာအနည်း အကျဉ်းသာရရှိ သွား ကြောင်း ထိုင်းသတင်းဌာန တွင်ဖော်ပြထားသည်။

နေ့ခင်းပိုင်း မိုးသည်းထန်စွာရွာသွန်းသဖြင့် မြို့တွင်းလမ်း ကားကျပ် သည်ဟု ဆိုကာ လယ် ကွင်းဖြတ်လမ်းအတိုင်းဆိုင်ကယ်စီးနင်းလာသော မောင်နှမ နှစ် ဦး အား မိုးကြိုးပစ်ရာ အနောက်မှ စီးနင်းလိုက်ပါသူ အမဖြစ်သူအား ထိမိသေ ဆုံးပြီး ဆိုင်ကယ်မောင်းသည့် မောင်ဖြစ် သူနှင့် တူလေးမှာ ဆိုင်ကယ်လဲ ကျမှုကြောင့် ဒဏ်ရာအနည်းငယ်စီသာ ရရှိ ခဲ့ပါသည်။

ထိုင်းနိုင်ငံ ကျူးလားလုံးကွန်းတက္ကသိုလ်က သိပ္ပံဌာန လက်ထောက် ပါမောက္ခကမူ အမ ဖြစ်သူတွင် လျှပ်စစ်ဓါတ်အား ဆွဲယူနိုင်သော ပစ္စည်းတခုခု ပါရှိ နိုင်ဖွယ်ရှိသောကြာင့် မိုးကြိုးပစ်ခံရတာဖြစ်ကြောင်း ပြောဆိုသည်။

မောင်ဖြစ်သူကမူ ၎င်း၏အမတွင် ရွှေဆွဲကြိုး လက်ကောက်လက်စွပ်များပင် မဝတ်ထား ကြောင်း၊ သို့သော် ဆိုင်ကယ်ထိုင်ခုံအောက် ပစ္စည်းထားသည့်နေ ရာ (၎င်းအမဖြစ်သူထိုင် သည့်အောက်တည့်တည့်) တွင် စက်မပိတ်ရသော လက်ကိုင်ဖုန်း ၃ လုံး ထားရှိကြောင်း ထိုင်းသတင်းထောက်များ အား ပြောပြ သည်။

မောင်ဖြစ်သူက ဆက်လက်၍ - မိုးကြိုးပစ်ချိန်တွင် ၎င်းတို့ဆိုင်ကယ်ေ နာက်အား ကားတစီး ဝင် တိုက်သကဲ့သို့ ဖြစ်သွားပြီး အမဖြစ်သူမှာ ဆိုင်ကယ် မှ လွင့်ကျသွားရာ မှောက်လျက် အနေ အထားဖြင့် ပါးစပ်မှ သွေးထွက်ပြီး ပွဲချင်းပြီးသေဆုံးကြောင်း၊ နောက်ကျောမှ အဝတ် အစားများ မီးလောင်ထား သကဲ့သို့ စုတ်ပြတ်ကြောင်း ဆိုင်ကယ်ထိုင်ခုံရှိ ဆိုဖာပြားသည် လည်း ပေါက် ထွက်နေကြောင်း ဆိုင်ကယ်မှာမူ မီးလောင်ကျွမ်းခြင်းမရှိကြောင်း၊ မောင်ဖြစ် သူမှာလည်း ပွန်းပဲ့ဒဏ်ရာအနည်းအကျဉ်းသာရရှိကြောင်း သတင်းထောက် များ အား ဆက်လက်ရှင်းပြခဲ့ပါသည်။

မိုးကြိုးပစ်ခံရသူမိန်းခလေးမှာ အသက် ၂၄ နှစ်သာရှိသည်ဟုဆိုပါသည်။
ထို့ကြောင့် မိုးရွာနေစဉ်အတွင်း မိုးကြိုးပစ်စေရန်အလားအလာ အများဆုံြး ဖစ်စေ နိုင်သည့် လက်ကိုင်ဖုန်းပြောဆိုခြင်းမပြုရန်နှင့် ဖြစ်နိုင်ပါက စက်များ ပင်ပိတ်ထားရန် လည်း ဩဂတ်စ်လ ၃ ရက်နေ့ ညပိုင်းက ထိုင်းအစိုးရ၏ ရုပ်မြင်သံကြားသတင်းတွင် တိုက်တွန်းဖော်ပြခဲ့ပါသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment