ညောင်တုန်းမှာ တာတမံ ရေကျော်မှာ စိုးရိမ်နေ



 မြန်မာနိုင်ငံ အလယ်ပိုင်း ညောင်ဦး၊ မင်းဘူး၊ မကွေး စတဲ့ မြို့တွေမှာ ဧရာဝတီမြစ်ရေ စိုးရိမ် ရေမှတ်ထက် ကျော်လာနေချိန်မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသက ဟင်္သာတ၊ ဇလွန်မြိုတို့မှာလည်း စိုးရိမ်ရေမှတ်ထက် ကျော်နေတုန်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က လိမ္မော်ရောင် အန္တရာယ်အဆင့် သတ်မှတ်ထားတဲ့ ညောင်တုန်းမြို့မှာ မြို့ကို ပတ်ဝိုင်းထားတဲ့ တာတမံပေါ် ရေမကျော်အောင် ဝိုင်းဝန်း ကြိုးပမ်းနေကြပါတယ်။

ညောင်တုန်းမြို့ရဲ့ တာအပြင်ဘက် ရွာတွေမှာ ရေလွှမ်းနေခဲ့တာ ၁၀ ရက်ကျော်ခဲ့ပြီး မြို့ထဲကိုတော့ ရေမဝင်သေးပေမယ့် တာအနီးမှာ နေတဲ့ အိမ်တွေက တာပေါ်ကနေ ရေတွေ လျှံပြီး ကျော်လာမှာကို စိုးရိမ်နေကြပါတယ်။

လက်ရှိ တာတမံထဲက ရေမှတ်ထက် နောက်ထပ် ၅ လက်မလောက် ကျော်လာရင် ရေတွေ လျှံလာနိုင်တယ်လို့ ညောင်တုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်မြသန်းက ပြောပါတယ်။

ဒါကြောင့် တာနဲ့ နီးတဲ့ အိမ်တွေက လူတွေကို ရွေ့ပြောင်း နေကြဖို့ အာဏာပိုင်တွေက ပြောပေမယ့် အမျိုးသားတွေက ကိုယ့်အိုးကိုယ့်အိမ်ကို စောင့်ရှောက်ပြီး သူတို့ နေအိမ်တွေမှာပဲ နေနေကြပါတယ်။

တာတမံကျိုးပြီး ရေကျော်လာရင် ပြေးလို့တောင် လွတ်မှာ မဟုတ်ဘဲ ဒုက္ခရောက်နိုင်တဲ့ အတွက် ဒေသခံ အာလုံးက တာကို ရေမကျော်အောင် ဝိုင်းဝန်း လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေကျော်လာတဲ့ အခြေအနေအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားရတဲ့အကြောင်း လွှတ်တော်အမတ် ဦးအောင်မြသန်းက ပြောပါတယ်။

ရေဘေးအန္တရာယ် ကျရောက်လာရင် အဓိက ဆန်လိုအပ်မှာ ဖြစ်ပြီး အရန် ရိက္ခာတွေ ထားရှိတဲ့ အပြင် တပ်ဖက်ကနေ စက်လှတွေ ယူထားတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရေဘေး လွတ်အောင် ခိုလှုံ နေထိုင်နိုင်မယ့် နေရာ ၁၀ နေရာ ကိုလည်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ မြို့ပေါ် ကယ်ဆယ်ရေး စခန်းတွေကို ပြောင်းရွှေ့လာနေကြသူ ၃၀၀၀ လောက် ရှိတယ်လို့ ကယ်ဆယ် ကူညီရေး လုပ်နေတဲ့ ဒေသခံတွေက ပြောပါတယ်။

ညောင်တုန်း မြို့နယ်က ညောင်ဝိုင်းတောင်၊ ညောင်ဝိုင်းမြောက်နဲ့ သပြေချောင်း စတဲ့ ရွာ သုံးရွာ ကတော့ လွန်ခဲ့တဲ့ သုံးရက် ကတည်းက ရေမြုပ်နေပြီး အကူအညီတွေကို စောင့်မျှော် နေကြတယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment