မလေးရှားတွင် လူထုတ်ကုန်လုပ်ငန်းမှ အမျိုးသမီး ၂၁ ဦးအားကယ်ဆယ်


 သြဂုတ်လ ၃၊ ၂၀၁၅ (တနင်္လာနေ့)မှာ မလေးရှား နိုင်ငံ စလန်ဂေါပြည်နယ် Selayang နဲ့ Rawang မြို့နယ် တွေကို သက်ဆိုင်ရာက သတင်းအရ စီစစ်မူ့တွေ ပြုလုပ်တော့ လူကုန်ထုတ်လုပ်ငန်း နေရာ နှစ်ခု ကို ဖော်ထုတ်ကြောင်း ဒီနေ့ (သြဂုတ် ၅၊ ၂၀၁၅) the sun daily မှာ ဖော်ပြပါတယ်။

Rawang မြို့နယ်က Taman Tasik Puteri ဒေသအိမ် တစ်အိမ် နဲ့ Selayang မြို့နယ် Kampung Nakhoda ဒေသက အိမ်တစ်လုံးမှာ အသက် ၁၄ နှစ် ကနေ ၃၉ နှစ် အရွယ် ကြားကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီး ၂၁ ယောက် နဲ့ ရက်သား အရွယ်ဘဲ ရှိသေးတဲ့ မိန်းခလေးငယ် တစ်ယောက်ကို ရဲတပ်ဖွဲ့က ကယ်ဆယ်လိုက်ပါတယ်။

ထိန်းသိမ်းခံ အသက် ၅၄ နှစ် ရွယ် အမျိုးသမီးကိုတော့ လူကုန်ထုတ်လုပ်ငန်း ဦးဆောင် လုပ်ကိုင်နေသူလို့ ယူဆရပြီး လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလ အတွင် ခလေးငယ် ၅၀ ဦးကို ရောင်းစားတယ်လို့ သက်ဆိုင်ရာက ထင်ထားကြပါတယ်။

အိမ်ကဆင်းလာတဲ့ အမျိုးသမီး ၊ အိမ်ထောင်ကွဲ အမျိုးသမီးများ နဲ့ မိဘ များက အမွေပျက် စွန့်လွှတ်ခံရတဲ့ အမျိုးသမီးတွေသာ ဖြစ်ကြပြီး သူတို့နေတဲ့ အဆောင်က နေ မီးဖွားမှဘဲ အဆောင်ရဲ့ ပြင်ပကို ထွက်ခွင့်ပေး ပါတယ်။

ခလေးငယ် တစ်ယောက်ကို ရင်းဂစ် ၉,၅၀၀ နဲ့ မွေးစားလိုသူတွေဆီကို ရောင်းစားပြီး အဲဒီအထဲမှာ ခလေးရဲ့မိခင်အတွက် ဆေးဖိုးဝါးခ၊ ပြုစုစောင့်ရှောက်ခ နဲ့ မွေးစာရင်းတွေ အားလုံး အကြုံးဝင်သွားပြီး မွေးစားလိုသူတွေက ကိုယ်ဝန်ဆောင်စေလိုတဲ့ အမျိုးသမီး (ရွေးချယ်နိုင်) ကို ရင်းဂစ် ၄၀၀၀ နဲ့ စရံ ရိုက်ထားလို့ရပြီး ခလေးမွေးလာမှသာ လက်ကျန်ေ ငွပေးချေလို့ရကြောင်းကို သက်ဆိုင်ရာက ဖော်ထုတ်ပါတယ်။

အခုလို လူကုန်ထုတ်လုပ်ငန်း ကို မဖော်ထုတ်ခင် သက်ဆိုင်ရာက ရက်သတ္တပတ်များစွာ စောင့်ကြည့်ကြောင်း ထောက်လှမ်းရေး တပ်ဖွဲ့မှ ရဲမူုးကြီး Tan Sri Khalid Abu Bakar ကပြောဆိုပါတယ်။

Tuangpu Siyin
Ref: http://www.thesundaily.my/news
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment