စပိန်နိုင်ငံသို့ ၀င်ရောက်ရန် ခရီးဆောင်အိတ်အတွင်း ၀င်၍ ကားနောက်ဖုံးအတွင်း လိုက်ပါလာသူ အသက်ရှူကျပ် သေဆုံး


မက်ဒရစ် ၊ ၅-၈-၂၀၁၅

စပိန်နိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက်နိုင်ရန် ခရီးဆောင်အိတ် အတွင်းသို့ ၀င်ရောက်၍ ကြိုးပမ်းခဲ့သူ တစ်ဦးမှာ အသက်ရှူကျပ်ပြီး သေဆုံး သွားခဲ့ကြောင်း ယင်းနိုင်ငံ အစိုးရက သြဂုတ်လ ၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။

ဖြစ်ပွားပုံမှာ အသက် ၂၇ နှစ်ရှိ မော်ရိုကို နိုင်ငံ အမျိုးသား တစ်ဦးသည် ခရီးဆောင်အိတ် တစ်ခု အတွင်းသို့ ၀င်ရောက်၍ ကားတစ်စီး၏ နောက်ဖုံးအတွင်း လျှို့ဝှက် ပါလာပြီး စပိန်နိုင်ငံ အယ်လ်မေးရီးယား မြို့သို့ ရောက်ရှိပြီးနောက် အသက်ရှူကျပ်ပြီး သေဆုံးသွား ခဲ့ခြင်း ဖြစ်ကြောင်း စပိန် ရဲတပ်ဖွဲ့ က ပြောကြား ခဲ့သည်။

အဆိုပါ ယာဉ်မောင်းမှာ သေဆုံးသူ အမျိုးသား၏ အစ်ကိုဖြစ်ပြီး ၄င်းကို ရဲတပ်ဖွဲ့က လူသတ်မှုနှင့် ဖမ်းဆီးခဲ့ကြောင်း ၊ စပိန် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့မှာ အသက်ရှူကျပ် ခြင်းကို ခံစားခဲ့ ရသည့် အမျိုးသားကို ကယ်ဆယ်နိုင်ရန် ကြိုးပမ်း ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

နည်းလမ်း အမျိုးမျိုးဖြင့် အသုံးပြုပြီး ဥရောပနိုင်ငံများ အတွင်းသို့ တရားမ၀င် ၀င်ရောက်ရန် ကြိုးပမ်းသူ ဦးရေမှာ တစ်နှစ်ထက် တစ်နှစ် မြင့်တက် လာလျက်ရှိပြီး မြေထဲပင်လယ် အတွင်း အသက်ဆုံးရှုံးသူ ဦးရေမှာ ပိုမိုများပြား လာလျက် ရှိသောကြောင့် ဥရောပ နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်သည့် ဗြိတိန် နှင့် ပြင်သစ် နိုင်ငံတို့က အဆိုပါ ရွှေ့ပြောင်းသူများ အရေးနှင့် စပ်လျဉ်း၍ ၀ိုင်းဝန်း ဖြေရှင်းရန် အခြား EU အဖွဲ့ဝင် နိုင်ငံများကို တောင်းဆို ထားကြောင်း သိရှိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment