
ကက်ပီတယ်ဝမ်းဖလား ပြိုင်ပွဲအဖြစ် လန်ဒန် မြို့ခံပြိုင်ဘက် တော့တင်ဟမ်အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ (၁-၂)ဂိုးဖြင့် အနိုင်ရခဲ့ခြင်း အတွက် ကျေနပ်မိကြောင်း အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ဟြေကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ဒိုင်နမိုဇာဂရက်၊ ချဲလ် ဆီးစသည့် အသင်းများကို ဆက်တိုက်အရေးနိမ့်ပြီးနောက် တော့တင် ဟမ်အသင်းကို အနိုင်ရခဲ့ခြင်းဖြစ် သည်။ အာဆင်နယ်သည် အဝေး ကွင်းတွင် ကစားခဲ့ရသော်လည်း ပြင်သစ်ကွင်းလယ်လူ ဖလာမီနီ၏ သွင်းဂိုးများဖြင့် အနိုင်ရကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ အာဆင်နယ်သည် စတုတ္ထအဆင့်တွင် ရှက်ဖီးဝက်နက်စ်ဒေးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ဝင်းဂါးက မိမိတို့အသင်း၏ စိတ်ဓာတ်နှင့် ကြံ့ခိုင်မှုသည် အကောင်းဆုံးပုံစံတွင် ရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ရလဒ်ဆိုးများကို ချေဖျက်ပြနိုင်ခဲ့ကြောင်း၊ ဖလာမီနီမှာလည်း အကောင်းဆုံး ကစားသွားခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် လူအဟြေင်းအလဲများ ပြုလုပ်ရာတွင် ပွဲအပေါ် မူတည် ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ တော့တင်ဟမ်နှင့်ပွဲတွင် ဒုတိယပိုင်း၌ အဟြေင်းအလဲများ ပြုလုပ်ခဲ့ခြင်းကြောင့် ရလဒ်ကောင်းခဲ့ခြင်း ဖြစ်ကြောင်း ဟြေကြားခဲ့သည်။
Source...http://www.messengernewsjournal.com/
0 comments:
Post a Comment