
မော်ဒယ်သရုပ်ဆောင် အလင်းရောင်က ရုပ်ရှင်ကားကြီး နဲ့ ဗီဒီယိုကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ကာရိုက်တာ တိုင်းအတွက် ပရိသတ်ဆီကလည်း သင်ယူရတယ်လို့ ပြောသွားခဲ့ပါတယ်။ “ကျွန်တော်အခု စုစုပေါင်း ဇာတ်ကား လေးကားလောက်တော့ ရိုက်ပြီးသွားပါပြီ နောက်ထပ်လည်း ရိုက်ဖို့အတွက် ကြိုးစားနေပါတယ်။ သရုပ်ဆောင်ပိုင်းမှာတော့ ကျွန်တော့်အနေနဲ့ ဘယ်လိုလူမျိုးဆီကမဆို ပညာယူပါတယ် ပြောရရင် သရုပ်ဆောင်ဆိုတာ အပြင်ကလူတွေရဲ့ ကာရိုက်တာတွေကို ယူပြီးမှ ရိုက်လို့ရတာဆိုတော့ ပရိသတ်တွေကပဲ ကျွန်တော်တို့ရဲ့ ဆရာသမားတွေလို့ ပြောရပါတယ်။ နောက်တစ်ခုက ကျွန်တော် ဗီဒီယိုတွေ မရိုက်ခင် MTV ဆိုတာက Short Story မျိုးတွေများတော့ ဗီဒီယို ဇာတ်ကားတွေနဲ့ သိမ်မကွာတော့ဘူး။ ကျွန်တော်က ပညာဆိုတာ ယူတတ်ဖို့ပဲ လိုတယ်”လို့ ပြောပြခဲ့ပါတယ်။ အလင်းရောင်က ဇာတ်ကားကြီး နှစ်ကား ရိုက်ကူးပြီးသွားတဲ့ အပြင် လက်ရှိမှာလည်း MTV လေးတွေပဲ ရိုက်ဖြစ်နေပါတယ်လို့ ပြောသွားပါတယ်။
Source..http://www.messengernewsjournal.com/
0 comments:
Post a Comment