
အစ်ဆွစ်ခ်ျကို (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့သော ကက်ပီတယ်ဝမ်းဖလား တတိယ အဆင့်ပွဲစဉ်တွင် အကောင်းဆုံး ကစားခဲ့သော လူငယ် ကစားသမားများ ဖြစ်သည့် မာရှယ်နှင့် ပါရဲရားတို့ကို မန်ယူအသင်းနည်းပြ ဗန်ဂါးလ်က ချီးကျူးခဲ့သည်။ ယင်းပွဲစဉ်တွင် မန်ယူအသင်းသည် ရွန်နီ၊ မာရှယ်နှင့် ပါရဲရားတို့၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့သည်။ မန်ယူအသင်းသည် ပြီးခဲ့သည့် ရာသီတွင် အမ်ကေဒွန်းကို (၄-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးသောကြောင့် ယခုရာသီတွင် ယင်းသို့ မဖြစ်ရန် အဓိက ကစားသမားများကို ပွဲထုတ် ကစားခဲ့သည်။ ထို့ကြောင့် မန်ယူအသင်းသည် ခြေစွမ်းအသာဖြင့် ပွဲကို ဦးဆောင်ကစားခဲ့ပြီး အဖွင့်ဂိုးကို ရွန်နီက သွင်းယူပေးခဲ့ပြီး၊ လူငယ်ကစားသမား ပါရဲရားက ဖရီးကစ်မှတစ်ဆင့် ဒုတိယဂိုး သွင်းယူပေးခဲ့သည်။ ယင်းနောက် မာရှယ်က တတိယဂိုး သွင်းပေးခဲ့ပြီး၊ ယင်းမှာ ယခုရာသီ လေးဂိုးမြောက်ဂိုး ဖြစ်ခဲ့သည်။ ဗန်ဂါးလ်က မာရှယ်သည် ဂိုးသွင်းယူနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ သိထားကြောင်း၊ မာရှယ်၏ ကစားပုံသည် အလွန်ကောင်းပြီး ဂိုးသွင်းယူနိုင်စွမ်း ရှိသည်ကို အားလုံး ယုံကြည်ထား ကြာင်း၊ မာရှယ်သည် လီဗာပူးလ်နှင့်ပွဲမှ စတင်ပြီး ဂိုးများသွင်းယူခဲ့ကြောင်း၊ ယခုလည်း ဂိုးများ ထပ်မံသွင်းယူခဲ့ ကြောင်း၊ မိမိအနေဖြင့် အသင်းခြေစွမ်းကို ကျေနပ်မိကြောင်း၊ သို့သော် မိမိတို့အနေဖြင့် အာရုံစိုက်စွာ ကစားသွားရမည် ဖြစ်ကြောင်း ဟြေကြားခဲ့သည်။ လူငယ် ကစားသမား ပါရဲရားသည် အကောင်းဆုံး ခြေစွမ်းရှိကြောင်း ဗန်ဂါးလ်ကို သက်သေ ပြသသွားခဲ့သည်။ ထို့အတွက်ကြောင့် ဗန်ဂါးလ်အနေဖြင့် လာမည့်ပွဲစဉ်များတွင် ပါရဲရားကို ရွေးချယ်ထည့်သွင်းရန် စဉ်းစားရတော့မည် ဖြစ်သည်။ ဗန်ဂါးလ်က ပါရဲရားသည် ယခုပွဲတွင် အကောင်းဆုံး ကစားနိုင်ပြီး လှပသည့် ဖရီးကစ်ကိုလည်း ကန်သွင်းခဲ့ကြောင်း၊ ပါရဲရားသည် လေ့ကျင့်ရေးကို ကောင်းစွာ လုပ်နိုင်ခဲ့ပြီး တိုးတက်မှုများ ရှိလာကြောင်း ဆိုခဲ့သည်။ ဗန်ဂါးလ်က မိမိတို့သည် ကက်ပီတယ်ဝမ်း ဖလား စတုတ္ထအဆင့်တွင် မစ်ဒယ်ဘရော့အသင်းနှင့် တွေ့ရမည် ဖြစ်သည်။
Source...http://www.messengernewsjournal.com/
0 comments:
Post a Comment