ရွေးကောက်ပွဲရက် အတွင်း ပြည်နယ်ကြီး ၃ ခုအတွက် ရဲအင်အား နှစ်သောင်းနီးပါး ချထားမည်


 နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲတွင် အဆင့် ၄ ဆင့်ဖြင့် နိုင်ငံအနှံ့ လုံခြုံရေးစနစ်များ ဖြန့်ကြက်သွားရန် မြန်မာရဲတပ်ဖွဲ့က စီစဉ်လျက်ရှိပြီး မန္တလေး၊ ရန်ကုန်နှင့် ကချင် စသည့် ဒေသကြီးများနှင့် ပြည်နယ် ၃ ခုတွင် တပ်ဖွဲ့ဝင်နှစ်သောင်းနီးပါး နေရာချထားမည် ဟု သိရသည်။

ရွေးကောက်ပွဲများ တည်ငြိမ်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲအကြိုကာလ၊ မဲဆွယ်စည်းရုံးရေး ကာလ၊ ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလစသည်ဖြင့် ကာလ ၄ ခု အတွက် လုံခြုံရေးစနစ်များ ဆောင်ရွက်မည်ဟု ဆိုသည်။

အထူးလေ့ကျင့်ထားသည့် ရဲတပ်ဖွဲ့ဝင် ၄,၅၁၀ ကျော်တို့ကို မန္တလေးတိုင်းဒေသကြီးအတွက် အသုံးပြုမည် ဖြစ်ပြီး ယင်းမှာ ဒေသကြီးအတွင်း ရဲတပ်ဖွဲ့အင်အား၏ ၅၀ ရာခိုင်နှုန်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး ရဲချုပ် ဦးဟန်ထွန်း၏ ပြောဆိုချက်ကို ကိုးကား သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွက် အထူးလေ့ကျင့်ထားသည့် ရဲတပ်ဖွဲ့ဝင် အင်အားမှာ ၅,၆၈၈ ဦးဖြစ်ပြီး ယင်းမှာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ တွင် အသုံးပြုခဲ့သည်ထက် နှစ်ဆကျော် ပိုမိုသည်။ မြောက်ဘက်ရှိ ကချင်ပြည်နယ်တွင်မူ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်းနှင့် ပူတာအို ကဲ့သို့ ဒေသများတွင် မဲရုံစောင့်ရှောက်မည့် အထူးရဲတပ်ဖွဲ့အင်အား ၈၀၀ ကျော် သုံးစွဲမည် ဖြစ်သည်။

ရွေးကောက်ပွဲရက်မတိုင်မီ ၂ လအလိုတွင် နိုင်ငံရေးပါတီများက မဲအောင်နိုင်ရေး စည်းရုံးမှုများ စတင်ခဲ့ရာတွင် မြန်မာတစ်နိုင်ငံလုံးတွင် အရှိန်အဟုန်ဖြင့် စတင်လှုပ်ရှားခဲ့ကြသည်။
ရွေးကောက်ပွဲမတိုင်မီ ၂ ရက်အလိုဖြစ်သည့် နိုဝင်ဘာ ၆ ရက်နေ့အထိ မဲဆွယ်စည်းရုံးရေး ကာလအဖြစ် ခွင့်ပြုထားခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတစ်ဝန်း လွှတ်တော်အဆင့် ၄ ခုအတွက် မဲဆန်္ဒနယ်မြေ ၁,၁၇၁ ခု ထားရှိပေးပြီး ကိုယ်စားလှယ်လောင်း ၆,၁၈၉ ဦးတို့က လာမည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၎င်းတို့တွင် နိုင်ငံရေးပါတီများက တင်မြှောက်သည့် ကိုယ်စားလှယ်လောင်း ၅,၈၆၆ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၂၃ ဦးပါဝင်သည်ဟု ယခုအချိန်အထိရရှိထားသည့် ကိန်းဂဏန်းအချက် အလက်များအရ သိရှိရသည်။

တစ်နိုင်ငံလုံး မဲပေးခွင့်ရှိသူ ၃၂ သန်းက ရွေးကောက်ပွဲနေ့တွင် နိုင်ငံအနှံ့ မဲရုံ ၄၁,၀၀၀ တွင် မဲပေးလိမ့်မည်ဖြစ်သည်။

PKT
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment