ခန္တီးမြို့တွင်း ချင်းတွင်းမြစ်ရေ ဆက်လက် ဝင်ရောက်လျက်ရှိ



 ခန္တီး စက်တင်ဘာ ၃

 ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေသည် စက်တင်ဘာ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ တိုင်းထွာချက် အရ ၁၅၄၅ စင်တီမီတာသို့ ရောက်ရှိနေပြီး ခန္တီးမြို့ ပေါမိုင်း ရပ်ကွက်နှင့် ချင်းတွင်း မြစ်ကြောင်းတလျှောက်ရှိ ကျေးရွာများ၌ ရေကြီး ရေလျှံမှု ဆက်လက် ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။


ချင်းတွင်းမြစ်ရေ ဝင်ရောက်ခဲ့သည့် အိမ်ထောင်စုများအား ခရိုင် စီမံခန့်ခွဲမှု ကော်မတီဝင်များ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပြောင်းရွှေ့ နေရာချထားပေးခြင်း၊ မြို့မ ရပ်ကွက် မြသိန်းတန် ကုန်းမြေရှိ ကယ်ဆယ်ရေး စခန်းသို့ ရိက္ခာ ဆန်အိတ်များ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေး လုပ်ငန်း များအား ဆောင် ရွက်ပေးခြင်း ရေဝင်ရောက်လာသည့် လမ်းကြောင်းများအား သဲအိတ်များ ကာရံခြင်းတို့ အတွက် မြို့နယ် သဘာဝ ဘေးအန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများက ပူးပေါင်း၍ အနီးကပ် ကြီးကြပ် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။


ခန္တီးမြို့နယ် အတွင်းရှိ ရေလွမ်းမိုးမှု အိမ်ထောင်စု ၁၀၄၈ အိမ်ခြေနှင့် လူဦးရေ ၂၀၆၄ ဦးတို့အား ရေလုံ မိုးလုံ ကယ်ဆယ်ရေးစခန်း အသီးသီး၌ နေရာ ချထားပေးလျက် ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ် ရိက္ခာနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ကူညီ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment