ဖောင်းပြင်မြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ် ကျော်လွန်


 ဖောင်းပြင်၊ စက်တင်ဘာ(၃)

 စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်း မြစ်ရေသည် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့တွင် (၃-၉-၂၀၁၅) ရက်နေ့ မြို့နယ် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ နံနက် (၀၆း၀၀) နာရီအချိန် တိုင်းထွာ ထုတ်ပြန်ချက် အရ မြို့၏ စိုးရိမ်ရေအမှတ် (1325 cm) အထက် (13 cm) သို့ ရောက်ရှိခဲ့သဖြင့် မြို့၏ ရေနိမ့်ပိုင်းရှိ ရပ်ကွက် အတွင်းရှိ နေအိမ်များသို့ ရေများ ဝင်ရောက်ခဲ့သည်။ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် စိုးရိမ်ရေ အမှတ်အထက် (35 cm) သို့ ရောက်ရှိလာသဖြင့် မြို့လယ်ရှိ ဗိုလ်အောင်ကျော်လမ်း၊ မြို့နယ် လျှပ်စစ်ရုံးရှေ့တွင် ရှေ့တန်း ရေဘေး ကယ်ဆယ်ရေး စခန်းရုံး ဖွင့်လှစ်ထားရှိပြီး တောင်ဖီလာ ဘုန်းကြီးကျောင်းနှင့် ဖောင်းပြင်မြို့နယ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီရုံးတွင် ရေဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ပြီး ရေနိမ့်ပိုင်းရှိ အိမ်ထောင်စု (၁၀)စုမှ လူဦးရေ (၄၈)ဦးအား ရေလွတ်ရာ ကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့ပေးခဲ့သည်။


ဆက်လက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများကလည်း မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ရေနိမ့်ပိုင်းရှိ အုပ်စု ကျေးရွာများသို့ သွားရောက်၍ ရေဘေးသင့် ပြည်သူများနှင့် ကျွဲ၊ နွားတိရိစ္ဆာန် များအား ရေလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး ကွင်းဆင်း ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရှိသည်။

ပြန်/ဆက်(ဖောင်းပြင်)

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment