သရေရလဒ်အတွက် ဂျူဗီနည်းပြ စိတ်ပျက်



တန်းတက် ဖရိုဆီနိုနီကို (၁-၁) ဂိုး သရေကျခဲ့ခြင်းအတွက် များစွာ စိတ်ပျက်မိကြောင်း ဂျူဗင်တပ်စ် အသင်းနည်းပြ အယ်လီဂရီက ဟြေကြားခဲ့သည်။ ဂျူဗင်တပ်စ် ကစားသမားသစ်များ၏ အတွေ့အကြုံ မရင့်ကျက်မှု၊ ခြေစွမ်း တစ်သမတ်တည်း မရှိမှု စသည့် ပြဿနာများကြောင့် ရလဒ် ဆိုးရွားခဲ့ခြင်း ဖြစ်ကြောင်း အယ်လီဂရီက သုံးသပ်ခဲ့သည်။ ဂျူဗင်တပ်စ်သည် ဦးဆောင်ဂိုး သွင်းခဲ့သော်လည်း နောက်ဆုံးမိနစ်တွင် ချေပဂိုး ပြန်ပေးခံလိုက်ရခြင်း ဖြစ်သည်။ ယင်းရလဒ်ကြောင့် ဂျူဗင်တပ်စ် အသင်းသည် အမှတ်ပေးဇယား ထိပ်ဆုံးမှ အင်တာမီလန်နှင့် (၁၀)မှတ် ကွာဟခဲ့သောကြောင့် ချန်ပီယံဆုကို ကာကွယ်ရန် ခက်ခဲသွားပြီ ဖြစ်သည်။ ဂျူဗင်တပ်စ်သည် ချန်ပီယံလိဂ်တွင် မန်စီးတီး၊ စီးရီးအေတွင် ဂျီနိုအာတို့ကို  အနိုင်ကစားခဲ့သော်လည်း တန်းတက် ဖရိုဆီနိုနီကို သရေကျခဲ့ခြင်းသည် အကောင်းဆုံး ခြေစွမ်းမရှိသည်ကို ပြသလိုက်ကြောင်း အယ်လီဂရီက ဆိုခဲ့သည်။ အယ်လီဂရီက ရလဒ်ကို ဒေါသထွက်ခြင်းထက် စိတ်ပျက်ခြင်းက ပိုများကြောင်း၊ အတွေ့အကြုံ ရင့်ကျက်မှု မရှိသည်ကို ပြသလိုက်ခြင်း ဖြစ်ကြောင်း၊ နောက်ဆုံးမိနစ်ကို အလွယ်တကူ ထိန်းနိုင်ရမည် ဖြစ်သော်လည်း မလုပ်နိုင်ခဲ့ ကြောင်း ဟြေကြားခဲ့သည်။
Source...http://www.messengernewsjournal.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment