နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ပြီးနောက် ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ခြင်း အတွက် ကျေနပ်မိကြောင်း မန်စီးတီး အသင်းနည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။ မန်စီးတီး အသင်းသည် ဂျူဗင်တပ်စ်နှင့် ၀က်စ်ဟမ်းတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော ဆန်းဒါးလန်းနှင့် ကက်ပီတယ်ဝမ်းဖလား တတိယ အဆင့်ပွဲစဉ်တွင် (၁-၄) ဂိုးဖြင့် အနိုင်ရအောင် စွမ်းဆောင် ခဲ့ခြင်းကြောင့် ပယ်လီဂရီနီက ယခုကဲ့သို့ ဆိုခဲ့ခြင်းဖြစ်သည်။
ယင်းပွဲစဉ်တွင် မန်စီးတီးသည် အဓိက ကစားသမားများကို ထည့်သွင်း အသုံးပြုခဲ့ပြီး ဒီဘရူနေး၊ စတာလင်းနှင့် အဂွဲရိုးတို့ ခြေစွမ်းပြဂိုးများ သွင်းယူနိုင်ခဲ့ကြသည်။ ပယ်လီဂရီနီက မိမိတို့၏ ပထမပိုင်းနှင့် ဒုတိယပိုင်း ကစားပုံသည် အလွန်ကောင်းကြောင်း၊ လေးဂိုးသွင်းပြီးနောက် ကစားပုံကို အနည်းငယ် လျှော့ချခဲ့ကြောင်း၊ မိမိတို့သည် နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ယခုပွဲတွင် အနိုင်ရရန် အလွန် အရေးကြီးကြောင်း၊ မိမိတို့ သွင်းယူခဲ့သော လေးဂိုးစလုံး အလွန် လှပကြောင်း၊ စတာလင်းနှင့် ဒီဘရူးနေတို့ အတွဲအဖက်ဖြင့် သွင်းယူသောဂိုးသည် အလွန်ကောင်းကြောင်း၊ မိမိတို့အနေဖြင့် ပုံစံကောင်းကို ဆက်ထိန်းပြီး ရလဒ်ကောင်းများ ရယူရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source...http://www.messengernewsjournal.com/
0 comments:
Post a Comment