တစ်ဖက်နိုင်ငံမှ ကျူးကျော်ငါးဖမ်းလှေများကြောင့် ကော့သောင်မြို့ခံ ကမ်းနီးငါးဖမ်းလှေများ ပြန်လည်ဝင်ရောက်လာရ


 ကော့သောင်း စက်တင်ဘာ ၃ဝ

 တစ်ဖက်နိုင်ငံမှ ကျူးကျော်ဝင်ရောက်ကာ တစ်ဖက်နိုင်ငံမှ ကျူးကျော်သည့်လှေများကြောင့် တရားဝင် ငါးဖမ်း လိုင်စင်များဖြင့် ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင် လျက်ရှိသည့် ကော့သောင်းမြို့မှ ကမ်းနီးငါးဖမ်း လှေ အစင်း ၃ဝ ကျော်ခန့်မှာ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ငါးဖမ်းလုပ်ငန်းခွင်ရပ်နားကာ ကော့သောင်းမြို့သို့ အစုအပြုံလိုက် ပြန်လည်ဝင် ရောက်လာရကြောင်း ငါးဖမ်းလှေအုပ်စုမှ အဖွဲ့ ခေါင်းဆောင်တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

ပြန်လည်ဝင်ရောက်လာခဲ့သည့် ငါးဖမ်းလှေ အုပ်စုမှ အဖွဲ့ခေါင်းဆောင်က ၄င်းတို့ငါးဖမ်းလှေ အုပ်စုသည် သတ်မှတ်ထားသည့် ကမ်းနီးငါးဖမ်း လုပ်ကွက် မြန်မာ့ရေပိုင်နက် ငှက်သိုက်ကျွန်း၊ ဒယ်အိုးကျွန်းနှင့် သံကျွန်းအနီး စက်တင်ဘာ ၂၇ ရက်က ပိုက်များမျှော၍ ငါးဖမ်းနေစဉ် တစ်ဖက် နိုင်ငံ(ထိုင်း) မှ (အမည်မရှိ) လိုင်းနီကမ်းဝေး ငါးဖမ်းလှေ(ဒေသအခေါ်-လပ်ကူး)ခေါ် နှစ်စင်းတွဲ ဝါလပ်ငါးဖမ်းလှေ အစင်း၂ဝ ခန့်သည် ကမ်းနီးငါး ဖမ်းလုပ်ကွက်အတွင်း ဝင်ရောက်ငါးဖမ်းကြောင်း၊ ကော့သောင်းငါးဖမ်းလှေအဖွဲ့များ ငါးဖမ်းရန်မျှော ထားသည့် ပိုက်များကို စက်အားကောင်းမွန်သည့် ၄င်းတို့လှေများဖြင့် ဝင်ရောက်ဖြတ်သန်းခုတ် မောင်းသဖြင့် ငါးဖမ်းပိုက်များ ဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါ ကမ်းဝေးငါးဖမ်းလှေများမှာ ထိုင်းနိုင်ငံ သားပိုင် တရားမဝင်ငါးဖမ်းလှေများ ဖြစ်ဟန်တူ ကြောင်း၊ ဒေသခံတံငါသည်များ၏ ကမ်းနီးငါးဖမ်း လုပ်ကွက်အတွင်း မကြာခဏ ဝင်ရောက်ကျူးကျော် ငါးဖမ်းလေ့ရှိကြောင်း၊ နေ့ဘက်နှင့် ညဘက်များပါ ဆက်တိုက်ငါးဖမ်းကြကြောင်း ပြောသည်။

၎င်းတို့ ငါးဖမ်းလှေများတွင် လက်နက်များပါရှိ နိုင်ကြောင်း၊ ကော့သောင်းငါးဖမ်းလှေအဖွဲ့များက ငါးဖမ်းပိုက်များချထားကြောင်း အသိပေးအကြောင်း ကြားသော်လည်း ဂရုမစိုက်သည့်အပြင် နိုင်ထက် စီးနင်းပြုမှု မကြာခဏကြုံရကြောင်း၊ ယခုအကြိမ် တွင် မိမိတို့၏ ချွေးနှဲစာများဖြင့် စုဆောင်းလုပ် ကိုင်ရသည့် လုပ်ငန်းသုံးပစ္စည်းများ ဆုံးရှုံးမှုဖြစ်ပွား သဖြင့် ကော့သောင်းခရိုင် ကမ်းနီးငါးလုပ်ငန်းရှင် များအသင်းမှတစ်ဆင့် ဒေသတာဝန်ရှိအဖွဲ့အစည်း များ သိရှိနိုင်ရေးအတွက် သတင်းပို့ရန် ငါးဖမ်းလုပ် ငန်းကိုရပ်နားကာ အုပ်စုဖွဲ့ပြန်လည်ဝင်ရောက်လာ ကြခြင်းဖြစ်ကြောင်း ပြန်လည်ဝင်ရောက်လာခဲ့သည့် ငါးဖမ်းလှေအုပ်စု အဖွဲ့ခေါင်းဆောင်၏ ပြောကြား ချက်အရ သိရသည်။

 ကျော်စိုး(ကော့သောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment