ပြောတော့ ကြက်ခြေနီဝန်ထမ်း၊ လုပ်တော့ ကြေးစားအပျော်မယ်၊ အဖမ်းခံရတော့ လောင်းကစားမှု


 သူပြောတာကတော့ သူဟာ ကြက်ခြေနီ ၀န်ထမ်း တဦးပါတဲ့။ နေထိုင်ပုံကတော့ ခမ်းခမ်းနားနား ဇိမ်ခံ ပစ္စည်းတွေနဲ့နေပြီး တကယ်လုပ်တာ ကတော့ ကြေးစား အငှားမယား အလုပ်။ ဒါပေမဲ့ တရုတ်ပြည် က အပျံစားအမျိုးသမီးလေး ကော့မေမေ အဖမ်းခံရတော့ တရားမ၀င် ကာစီနိုလောင်းကစားဝိုင်း လုပ်လို့ပါတဲ့။ ဒီအမှုနဲ့ တရုတ်ခရိုင် တရားရုံးတခုက ထောင်ဒဏ် ငါးနှစ်ချလိုက်တယ်။


ကော့မေမေဟာ ပေကျင်းမြို့က ပုဂ္ဂလိကတိုက်ခန်းတခုမှာ လောင်းကြေးငွေ ယွမ်သုံးသန်းလောက်ရှိတဲ့ ကာစီနို လောင်းကစားဝိုင်းကို တရားမ၀င်ဖွင့်ခဲ့တယ်။ သူမရဲ့ဆိုရှယ်မီဒီယာမှာတော့ Maserati, Lamborghini စတဲ့ ဇိမ်ခံကားကြီးတွေစီးပြီး ဘီကီနီဝတ်စုံနဲ့ မြူးကြွနေပုံတွေ တင်ခဲ့တယ်။ သူကပြောတော့ ဒီကားတွေဟာ သူမရဲ့ အလုပ်အကိုင်ဖြစ်တဲ့ ကြက်ခြေနီအဖွဲ့ စီနီယာမန်နေဂျာတယောက်အဖြစ် ရထားတာပါလို့ ပြောတယ်။ ဒီလိုပြော ခဲ့လို့ လူတွေက ဒေါသထွက်ခဲ့ကြတယ်။ ပြည်သူတွေလှူဒါန်းထားတဲ့ငွေကို ကြက်ခြေနီအဖွဲ့က အလွဲသုံးစား လုပ်နေသလားလို့ မေးခဲ့ကြတယ်။


ဒါပေမဲ့ နောက်ပိုင်း လောင်းကစားဝိုင်းအမှုနဲ့ ဖမ်းဆီးခံရပြီးတဲ့နောက် သူမဟာ ကြက်ခြေနီဝန်ထမ်းပါလို့ဆိုတဲ့ ပြောကြားချက်ကို ပြန်ပြီးရုပ်သိမ်းခဲ့ပါတယ်။ တကယ်တော့ မစ္စကော့မေမေ တညကို ပေါင်စတာလင် ၃၀၀၀၀ ပေးနိုင်မှ ပျော်ပါးလို့ရတဲ့ အထက်တန်းစား အပျော်မယ်တဦးဖြစ်ပါတယ်။ တရုတ်ပြည်က ရေပေါ်စီလူချမ်းသာ တွေအတွက် ပျော်တော်ဆက်ပေးနေသူပါ။ သို့သော်လည်း ကော့မေမေရဲ့ပြောကြားခဲ့မှုကြောင့် တရုတ်ကြက် ခြေနီအဖွဲ့နာမည်ပျက်ပြီး ရန်ပုံငွေထိခိုက်သွားတယ်။ ဒါကြောင့် ကော့မေမေက ထောင်ကျဝတ်စုံနဲ့ အစိုးရ ရုပ်မြင်သံကြားကနေပြီး ၀န်ချတောင်းပန်တဲ့ ကြေညာချက်ထုတ်ပေးခဲ့ရတယ်။

လောင်းကစားမှုဟာ တရုတ်ပြည်မကြီးမှာတော့ တရားမ၀င်ဥပဒေနဲ့ဆန့်ကျင်မှုလို့ သတ်မှတ်ထားပေမယ့် ဟောင်ကောင်နဲ့ မကာအိုကျွန်းမှာတော့ လောင်းကစားဝိုင်းတွေဖွင့်ခွင့်ပြုထားပါတယ်။

ထွဋ်ဝင်းထွဋ်
Mail Online
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment