အပစ်ရပ်ရေး ကြိုးပမ်းနေစဉ် တိုက်ပွဲများကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ဟုဆို


 တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီရန် နောက်ဆုံးကြိုးပမ်းမှုအဖြစ် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ နေပြည်တော် တွင် တွေ့ဆုံနေစဉ်မှာပင် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည် စတင်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။

တပ်မတော်၏ ဆက်လက်ထိုးစစ်ဆင်မှုများက အပစ်ရပ်ဆဲရေး လုပ်ငန်းစဉ် အပေါ် ယုံကြည်မှုများ ထိခိုက်စေကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များက သတိပေးလိုက်ပြီး တပ်မတော်အနေဖြင့် ထိုးစစ်များ ရပ်တန့်ဖို့ အမိန့်ပေးရန် သမ္မတဦးသိန်းစိန်အား တိုက်တွန်းခဲ့ကြသည်။

စက်တင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့ တိုက်ပွဲအတွင်း တပ်မတော်သား ၅ ဦးနှင့် RCSS ၄ ဦးတို့ သေဆုံးခဲ့ကြောင်း RCSS/SSA က မနေ့ က ပြောဆို လိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း TNLA နှင့် ဖြစ်ပွားသည့် သီးခြားတိုက်ခိုက်မှုများတွင် စစ်သားတစ်ဦး သေဆုံးခဲ့ရသည် ဟု ပြောဆို ထားသည်။ ထိုစဉ်မှာပင် စက်တင်ဘာ ၇ ရက်နေ့က ရွှေကူမြို့နယ်အတွင်း KIA က တပ်မတော်နှင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်က ဒေသ အတွင်း KIA ၏တပ်ဖွဲ့များကို မောင်းထုတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု KIA က တပ်မတော်ကို စွပ်စွဲပြောဆိုထားသည်။

တပ်မတော်၏ ထိုးစစ်ဆင်မှုက လွယ်လင်ကို ထိန်းချုပ်ရန် ရည်ရွယ်ခဲ့သည်ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောပြသည်။

အဆင့်မြင့်တပ်မတော်အရာရှိများက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ကို ပစ်ခတ်ရန် အမိန့်ပေးထားခဲ့ကြောင်း RCSS က လေ့လာတွေ့ရှိခဲ့ ရသည်ဟု သူကဆိုသည်။

အစိုးရတပ်များက ကိုးကန့်နယ်မြေအတွင်း တရုတ်တိုင်းရင်းသား သူပုန်များကို မိတ်ဖွဲ့ခဲ့သည့် TNLA ထိန်းချုပ် နယ်မြေအတွင်း ၀င်ရောက် လာခဲ့သည်ဟု ဗိုလ်မိုင်းအိုက်ကျော်က မနေ့ကပြောဆိုခဲ့သည်။

တပ်မတော်နှင့် တိုက်ပွဲများရှောင်ရှားရန် စက်တင်ဘာ ၈ ရက်က မိမိတို့ တပ်ဖွဲ့များက ရွှေကူမြို့မှ ထွက်ခွာခဲ့သော်လည်း မိမိတို့မှာ အတိုက်ခိုက်ခံနေ ရဆဲ ဟု KIA ဗိုလ်မှူးတန်ဇိုင်းက ဆိုသည်။

“နေပြည်တော်အစည်းအဝေးကို လေးစားသောအားဖြင့် KIA တို့က ကျွန်တော်တို့တပ်ဖွဲ့များကို ရွှေကူမှ ထွက်ခွာစေခဲ့ပါတယ်။ ကျွန်တော်တို့က ဒီအချိန်မှာ တိုက်ပွဲမဖြစ်ချင်ဘူးလေ။ ဒါပေမဲ့ တပ်မတော်က ကျွန်တော်တို့ တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်” ဟု ဗိုလ်မှူးကဆိုသည်။

PKT
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment